အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံဒေသ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ (Spokesperson of the Yaw Na Than Government) ခန့်အပ်တာဝန်ပေးခြင်း

 

၁။ ယောနသံဒေသ အစိုးရအဖွဲ့သည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို ဒေသအကြီးအကဲ တတိယမိုးနတ်မင်းသား၏ လမ်းညွှန်မှုနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။ အစိုးရ၏ ဆောင်ရွက်ချက်များ၊ မူဝါဒများနှင့် ဒေသတွင်း သတင်းအချက်အလက်များကို ပြည်သူလူထုထံသို့ ပွင့်လင်းမြင်သာစွာ တင်ပြနိုင်ရန်နှင့် သတင်းမီဒီယာများနှင့် ထိရောက်သော ဆက်သွယ်ပြန်ကြားမှုများ ပြုလုပ်နိုင်ရန်အတွက် "ယောနသံဒေသ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ" အဖြစ် အောက်ပါပုဂ္ဂိုလ်အား ခန့်အပ်တာဝန်ပေးလိုက်သည် -

အမည် - ဒေါ်မြတ်နိုးဦး

တာဝန် - အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ

၃။ အဆိုပါ ပြောရေးဆိုခွင့်ရှိသူသည် အောက်ပါ လုပ်ငန်းတာဝန်များကို တာဝန်ခံဆောင်ရွက်ရမည် -

(က) အစိုးရအဖွဲ့၏ သဘောထား ထုတ်ပြန်ချက်များကို တရားဝင် တင်ပြခြင်း။

(ခ) အပတ်စဉ် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်၍ ဒေသတွင်း စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခြင်း။

(ဂ) ပြည်တွင်းပြည်ပ မီဒီယာများနှင့် ချိတ်ဆက်၍ ဒေသ၏ ပုံရိပ်ကို ကမ္ဘာက သိရှိစေရန် ဆောင်ရွက်ခြင်း။

(ဃ) သတင်းတု၊ သတင်းမှားများ တိုက်ဖျက်ရေးအတွက် အချိန်နှင့်တပြေးညီ သတင်းမှန် ထုတ်ပြန်ခြင်း။

၄။ ဤခန့်အပ်မှုသည် ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၆) အခန်း (၈)၊ ပုဒ်မ ၁၈ ပါ ဒေသသားများ၏ တန်းတူညီမျှမှု အခွင့်အရေးကို ဖော်ဆောင်ခြင်းဖြစ်ပြီး၊ အုပ်ချုပ်ရေးကဏ္ဍတွင် အမျိုးသမီးများ၏ ဦးဆောင်မှုစွမ်းရည်ကို အသိအမှတ်ပြုခြင်းလည်း ဖြစ်ပါသည်။

၅။ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူသည် မိမိ၏ လုပ်ငန်းစဉ်များအားလုံးကို ဒေသအကြီးအကဲ၏ အတွင်းဝန်ရုံးနှင့် တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။

ဒေသအကြီးအကဲ၏ အမိန့်အရ -

(ပုံ)

ဦးဒီပါ

ဒေသဝန်ကြီးချုပ်

ယောနသံဒေသ အစိုးရအဖွဲ့


စာမူမှတ်တမ်း