အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ဒေသအစိုးရ ၏ ပြည်သူများသို့ ကတိစကား

 

ယောနသံဒေသသူ၊ ဒေသသား ပြည်သူအပေါင်းတို့ခင်ဗျား -

မည်သည့်ပြင်ပအဖွဲ့အစည်းကမျှ ကျွန်ုပ်တို့၏ ပြည်တွင်းရေးကို နှောင့်ယှက်ဖျက်ဆီးခြင်း မပြုနိုင်စေရန် အချုပ်အခြာအာဏာကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်သည်။

ကမ္ဘာ့အဆင့်မီ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ကျွန်ုပ်တို့၏ သားသမီးများအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်နှင့် လူနေမှုဘဝများကို ဖန်တီးပေးမည် ဖြစ်သည်။

တရားမျှတခြင်းနှင့် ညီမျှခြင်းဆိုသော လောကပါလတရားများကို လက်ကိုင်ထားခြင်းဖြင့် ကျွန်ုပ်တို့ဒေသသည် သူတစ်ပါးအပေါ် မတရားမလုပ်၊ မိမိအပေါ်ကိုလည်း မတရားလုပ်မှုကို လက်ခံမည်မဟုတ်သည့် ဂုဏ်သိက္ခာရှိသော ဒေသအဖြစ် ရပ်တည်သွားမည် ဖြစ်သည်။

မိဘပြည်သူများခင်ဗျား...

ကျွန်ုပ်တို့၏ ဒေသအကြီးအကဲနှင့် အစိုးရအဖွဲ့သည် ပြည်သူတို့၏ အကျိုးစီးပွားကို အစဉ်တစိုက် ရှေးရှုလျက်ရှိပါသည်။ သင်တို့၏ စည်းလုံးညီညွတ်မှုနှင့် အစိုးရအပေါ် ယုံကြည်အားကိုးမှုသည် ကျွန်ုပ်တို့ဒေသကို ပိုမိုအင်အားတောင့်တင်းစေမည် ဖြစ်သည်။

ယောနသံဒေသသည် တရားမျှတမှုနှင့်အတူ ကမ္ဘာ့အဆင့်မီ တိုးတက်သော အနာဂတ်ဆီသို့ မမှိတ်မသုန် ချီတက်သွားမည်ဖြစ်ကြောင်း သတင်းစကားပါးအပ်ပါသည်။

ယောနသံဒေသ အစိုးရအဖွဲ့


စာမူမှတ်တမ်း