အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံဒေသ အစိုးရအဖွဲ့ ကို ပြင်ဆင်ဖွဲ့စည်း

ယောနသံဒေသ၏ ဒေသအကြီးအကဲ တတိယ မိုးနတ်မင်းသား ၏ အမိန့်အရ၊ ဒေသ၏ လုံခြုံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကဏ္ဍအားလုံးကို ကိုင်တွယ်ဆောင်ရွက်ရန်အတွက် အစိုးရအဖွဲ့ဝင်များကို အပြီးသတ် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

၁။ အချုပ်အချာ အာဏာပိုင် (Sovereign Authorities)

ဒေသအကြီးအကဲ (Head of Region): တတိယ မိုးနတ်မင်းသား
ဒေသ၏ အချုပ်အခြာအာဏာပိုင်နှင့် အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) ၏ အမြင့်ဆုံး ကွပ်ကဲရေးမှူး ဖြစ်သည်။ ပြည်ပရေးရာ မူဝါဒ အားလုံးကို ကိုယ်တိုင်ချမှတ်သူလည်း ဖြစ်သည်။

၂။ အုပ်ချုပ်ရေး အဖွဲ့ (Administrative Executive Council)

ဤအဖွဲ့ကို ဒေသဝန်ကြီးချုပ် က ဦးဆောင်ပြီး နေ့စဉ်အုပ်ချုပ်ရေးနှင့် မူဝါဒအကောင်အထည်ဖော်မှုကို တာဝန်ယူသည်။

ဒေသဝန်ကြီးချုပ် (Chief Minister) - ဦးဒီပါ
အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးဆိုင်ရာ ဦးဆောင်သူအဖြစ် ဝန်ကြီးဌာနအားလုံး၏ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိသည်။

ကာကွယ်ရေး ဝန်ကြီး (Minister of Defence) - ဦး တင်အေး
ပြင်ပရေးရာ ဝန်ကြီး (Minister for External) - ဦးလင်းထက်နိုင်
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီး - ဒေါ်သိင်္ဂီ
ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး -  ဒေါက်တာ ညီနောင်
ပြည်သူ့လုံခြုံရေးနှင့် ကယ်ဆယ်ရေး ဝန်ကြီး -  ဦးမင်းခန့်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး - ဒေါ်ဝင်းမြတ်
ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး -  ဦးသန်းလင်း
ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီး - ဒေါက်တာ ခင်မာအေး
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ကြီး - ဦးထွန်းဦး

၃။ ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာ တာဝန်ခံ

ပြည်သူ့အတိုင်ပင်ခံ ကောင်စီ (PAC) ဥက္ကဋ္ဌ - ဦးသာထွန်း

ကျွန်ုပ် လက်မှတ်ရေးထိုး အတည်ပြုလိုက်သည်
တတိယ မိုးနတ်မင်းသား
အကြီးအကဲ
ယောနသံဒေသ အစိုးရအဖွဲ့

စာမူမှတ်တမ်း