Search
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ
×
၁။ ယောနသံဒေသ၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် မူဝါဒရေးရာ လုပ်ငန်းစဉ်များကို ပိုမိုထိရောက် လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဦးသူရိန် အား ယောနသံဒေသ အကြီးအကဲ၏ အတွင်းဝန် အဖြစ်လည်းကောင်း၊ ယောနသံဒေသ အစိုးရအဖွဲ့၏ အကြံပေးပုဂ္ဂိုလ် အဖြစ်လည်းကောင်း ခန့်အပ်လိုက်သည်။
၂။ အထက်ဖော်ပြပါ ရာထူးများအတွက် ခန့်အပ်ခြင်းခံရသူ ဦးသူရိန်သည် ဒေသအကြီးအကဲ၏ တိုက်ရိုက်လမ်းညွှန်မှုအောက်တွင် ရှိပြီး အောက်ပါတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်သည် -
ဒေသအကြီးအကဲ၏ အုပ်ချုပ်ရေး၊ စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ မူဝါဒများ ချမှတ်ရာတွင် လိုအပ်သော အချက်အလက်များကို လေ့လာတင်ပြရန်။
ဒေသအစိုးရအဖွဲ့နှင့် ဒေသအကြီးအကဲတို့အကြား လုပ်ငန်းဆိုင်ရာ ညှိနှိုင်းပေါင်းစပ်မှုများကို အတွင်းဝန်အဖြစ် ဆောင်ရွက်ရန်။
ယောနသံဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ မူဝါဒများတွင် အစိုးရအဖွဲ့သို့ အကြံပြုချက်များ တင်ပြရန်။
ဒေသအကြီးအကဲမှ အခါအားလျော်စွာ ပေးအပ်သော အခြားသော အထူးတာဝန်များကို ထမ်းဆောင်ရန် ဖြစ်သည်။
၃။ ဤအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ အတည်ဖြစ်စေရမည်။
(ပုံ)
တတိယ မိုးနတ်မင်းသား
ဒေသအကြီးအကဲ
ယောနသံဒေသ
မိတ္တူကို -
ဝန်ကြီးချုပ်ရုံး၊ ယောနသံဒေသ အစိုးရအဖွဲ့
အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) စစ်သေနာပတိချုပ်ရုံး
ပြည်သူ့အတိုင်ပင်ခံကောင်စီ (လွှတ်တော်)
နိုင်ငံရေးဝန်ကြီးဌာန
မိုးနတ်အိမ်တော်ကောင်စီ
စာမူမှတ်တမ်း
-
▼
2026
(87)
-
▼
January
(7)
- ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၆ ခုနှစ်)THE C...
- ဒေသအကြီးအကဲ ၏ အတွင်းဝန် နှင့် အစိုးအဖွဲ့ အကြံပေး ခ...
- မြန်မာနိုင်ငံတော် ဝန်ကြီးချုပ် ဦးထွန်းမြင့်က ယောန...
- အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) ၏ စစ်ဌာနချုပ်ကို ...
- အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) ၏ စစ်ဌာနချုပ်ကို ...
- မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ခ...
- ယောနသံဒေသ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် ပြည်သ...
-
▼
January
(7)