Search
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ
×
မြန်မာနိုင်ငံတော် ဝန်ကြီးချုပ် ဦးထွန်းမြင့်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် ယောနသံဒေသသို့ အထူးလေယာဉ်ဖြင့် ဆိုက်ရောက်လာရာ ယောနသံဒေသ အကြီးအကဲ တတိယ မိုးနတ်မင်းသား နှင့် အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) မှ အဆင့်မြင့်အရာရှိကြီးများက လေဆိပ်တွင် လှိုက်လှဲပျူငှာစွာ ဂါရဝပြု ကြိုဆိုခဲ့ကြသည်။
ဝန်ကြီးချုပ်သည် ယောနသံဒေသ အကြီးအကဲနှင့်အတူ ယောနသံမြို့ ရှိ ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းများ၊ လုပ်ငန်းခွင်များသို့ သွားရောက် စစ်ဆေး ကြည့်ရှု့ခဲ့သည်။
ယင်းနောက် ဗဟိုတောင် (Central Mountain) အနီးရှိ အသစ်ဖွင့်လှစ်လိုက်သော NDA စစ်ဌာနချုပ်သို့ သွားရောက်ခဲ့ပါသည်။ ထိုသို့သွားရောက်ရာတွင် ဝန်ကြီးချုပ်က NDA တပ်ဖွဲ့ဝင်များ၏ စနစ်တကျ လေ့ကျင့်ထားမှုနှင့် ဒေသတွင်း တည်ငြိမ်ရေးအတွက် ဆောင်ရွက်နေမှုများကို ချီးကျူးစကား ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က NDA သည် သူပုန်အဖွဲ့အစည်းမဟုတ်ဘဲ ဒေသတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အရေးပါသော မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ပါသည်။
ထို့နောက် ရတနာအောင်မြေ စက်မှုဇုန် နှင့် ရန်အောင်မြင် ရေနက်ဆိပ်ကမ်းသို့ သွားရောက်ခဲ့သည်။
ခရီးစဉ်အတွင်း ဝန်ကြီးချုပ်နှင့် ဒေသအကြီးအကဲတို့သည် အောက်ပါကိစ္စရပ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ယောနသံဒေသ၏ ဒစ်ဂျစ်တယ် အုပ်ချုပ်ရေးစနစ်ဖြစ်သော E-Resident Card စနစ်ကို ပြည်ထောင်စုအဆင့်တွင် ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်ရေး၊ ကုန်သွယ်ရေး လမ်းကြောင်းများ လုံခြုံချောမွေ့စေရေးနှင့် စီးပွားရေးဇုန်သစ်များ တည်ထောင်ရေး၊ စစ်ဘက်နှင့် အရပ်ဘက် ထုတ်လုပ်ရေး စက်ရုံများကို ပြည်ထောင်စုမှ နည်းပညာ ကူညီပံ့ပိုးပေးရေး တို့ ဖြစ်သည်။
ညပိုင်းတွင် ဒေသအကြီးအကဲ တတိယ မိုးနတ်မင်းသားက ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ ဝန်ကြီးချုပ်က မိမိ၏ ခရီးစဉ်သည် ယောနသံဒေသနှင့် ပြည်ထောင်စုအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေကြောင်းနှင့် ဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို အပြည့်အဝ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
စာမူမှတ်တမ်း
-
▼
2026
(87)
-
▼
January
(7)
- ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၆ ခုနှစ်)THE C...
- ဒေသအကြီးအကဲ ၏ အတွင်းဝန် နှင့် အစိုးအဖွဲ့ အကြံပေး ခ...
- မြန်မာနိုင်ငံတော် ဝန်ကြီးချုပ် ဦးထွန်းမြင့်က ယောန...
- အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) ၏ စစ်ဌာနချုပ်ကို ...
- အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) ၏ စစ်ဌာနချုပ်ကို ...
- မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ခ...
- ယောနသံဒေသ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် ပြည်သ...
-
▼
January
(7)