အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယာယီနေထိုင်ခွင့်နှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အထူးအမိန့်


ယောနသံဒေသ၏ တည်ငြိမ်အေးချမ်းရေး၊ ဒေသတွင်း လုံခြုံရေးနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဒေသအကြီးအကဲ (Head of Region) ၏ လမ်းညွှန်ချက်အရ ယောနသံဒေသအတွင်းသို့ ဝင်ရောက်လာမည့် ပြင်ပဒေသသားများနှင့် ပြည်ပနိုင်ငံသားများ လိုက်နာဆောင်ရွက်ရမည့် "ယာယီနေထိုင်ခွင့်လက်မှတ်" ဆိုင်ရာ ညွှန်ကြားချက်များကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။

၁။ ပြင်ပဒေသသား သတ်မှတ်ချက်

"ပြင်ပဒေသသား" ဆိုသည်မှာ ယောနသံဒေသ၏ အမြဲတမ်းဒေသသား မဟုတ်ဘဲ အခြားသော ဒေသများနှင့် ပြည်နယ်များမှ လာရောက်ကြသည့် ဗမာ၊ ကရင်၊ ရှမ်း၊ ကချင် အပါအဝင် မည်သည့်တိုင်းရင်းသားကိုမဆို ဆိုလိုသည်။

၂။ ယာယီနေထိုင်ခွင့် လက်မှတ်အမျိုးအစားများ

ဒေသတွင်း ဝင်ရောက်လာသည့် ရည်ရွယ်ချက်အပေါ် မူတည်၍ အောက်ပါအတိုင်း လက်မှတ်အမျိုးအစား (၄) မျိုး ခွဲခြားသတ်မှတ်သည်။

အလည်အပတ် နေထိုင်ခွင့်လက်မှတ် (Visitor Permit - Type V)

ဆွေမျိုးမိတ်ဆွေထံ လည်ပတ်ခြင်း သို့မဟုတ် အပန်းဖြေခြင်းအတွက် လာရောက်သူများအား ထုတ်ပေးမည်ဖြစ်ပြီး သက်တမ်းမှာ အများဆုံး (၁၄) ရက် ဖြစ်သည်။

အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit - Type W)

ဒေသတွင်းရှိ စက်ရုံ၊ အလုပ်ရုံများနှင့် လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်ရန် လာရောက်သူများအတွက်ဖြစ်ပြီး အလုပ်ရှင်၏ ထောက်ခံချက်ဖြင့် (၆) လ သက်တမ်း ထုတ်ပေးမည်ဖြစ်သည်။

စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလက်မှတ် (Business Permit - Type B)

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များအတွက် လာရောက်သည့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ဖြစ်ပြီး (၃) လ သက်တမ်း ထုတ်ပေးမည်ဖြစ်သည်။

 
အထူးနေထိုင်ခွင့်လက်မှတ် (Special Permit - Type S)

ပညာရေး၊ ကျန်းမာရေး သို့မဟုတ် အစိုးရမှ ဖိတ်ကြားသော ပြည်ပပညာရှင်များအတွက် ထုတ်ပေးသည့် လက်မှတ်ဖြစ်သည်။
၃။ လိုက်နာရမည့် စည်းကမ်းချက်များ

ပြင်ပဒေသသားနှင့် ပြည်ပနိုင်ငံသားအားလုံးသည် ဒေသတွင်းသို့ ဝင်ရောက်ပြီး (၂၄) နာရီအတွင်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးများတွင် မိမိတို့ ကိုင်ဆောင်ထားသော မည်သည့်မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်ဖြင့်မဆို သတင်းပို့၍ အထက်ပါ လက်မှတ်အမျိုးအစား တစ်ခုခုကို လျှောက်ထားရမည်။

ယာယီနေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူများသည် ဒေသတွင်း နေထိုင်စဉ်အတွင်း ယောနသံဒေသ ရဲတပ်ဖွဲ့ (YNPF) ၏ စစ်ဆေးမှုများကို ကြည်ဖြူစွာ လက်ခံရမည်။


နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးပါက (၃) ရက်အတွင်း ဒေသပြင်ပသို့ ပြန်လည်ထွက်ခွာရမည်။ သို့မဟုတ် ဆက်လက်လျှောက်ထားရမည်။ ပျက်ကွက်ပါက ဒေသဆိုင်ရာ ဥပဒေအရ အရေးယူခြင်း ခံရမည်။

၄။ တားမြစ်ချက်

ယာယီနေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူများသည် ဒေသ၏ တည်ငြိမ်ရေးကို ထိခိုက်စေမည့် နိုင်ငံရေးလှုပ်ရှားမှုများ၊ တရားမဝင် စုဝေးမှုများတွင် ပါဝင်ပတ်သက်ခြင်း မပြုရ။ ပြုလုပ်ပါက ချက်ချင်း နှင်ထုတ်ခံရမည့်အပြင် နောက်နောင် ဒေသတွင်းသို့ ဝင်ရောက်ခွင့်ကိုပါ ပိတ်ပင်သွားမည် ဖြစ်သည်။

ဤထုတ်ပြန်ချက်သည် ယောနသံဒေသ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် ဖြစ်သဖြင့် အလေးအနက် လိုက်နာကြပါရန် နှိုးဆော်အပ်ပါသည်။

ဦးသူရိန်
အတွင်းဝန် နှင့် အကြံပေး
ယောနသံဒေသ အစိုးရအဖွဲ့

စာမူမှတ်တမ်း