အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ် သတိပေးချက်

ယောနသံဒေသအတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူများ အနေဖြင့် လက်ရှိအချိန်တွင် အသက်အန္တရာယ် စိုးရိမ်ရသည့် နီပါဗိုင်းရပ်စ် (Nipah Virus) ကူးစက်မှုသတင်းများကြောင့် ဒေသအစိုးရအနေဖြင့် ပြည်သူများ၏ လုံခြုံရေးအတွက် အောက်ပါ ကာကွယ်ရေး အစီအမံများကို တိကျစွာ လိုက်နာကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၁။ အစားအသောက်ဆိုင်ရာ သတိပြုရန်

လင်းနို့ သို့မဟုတ် တိရစ္ဆာန်များ ကိုက်ခဲထားသည့် လက္ခဏာရှိသော သစ်သီးဝလံများကို လုံးဝ (လုံးဝ) စားသုံးခြင်း မပြုရ။
သစ်သီးများကို မစားသုံးမီ စင်ကြယ်စွာ ဆေးကြောရန်နှင့် အခွံခွာ၍ စားသုံးရန်။
လတ်လတ်ဆတ်ဆတ် ညှစ်ယူထားသော ထန်းရည်၊ သပြေရည်များကို မသောက်သုံးမီ စနစ်တကျ ကျိုချက်ပြီးမှသာ သောက်သုံးရန်။ (လင်းနို့များမှတစ်ဆင့် ရောဂါပိုး ပါဝင်နိုင်သောကြောင့် ဖြစ်သည်။)

၂။ တိရစ္ဆာန်များနှင့် ထိတွေ့မှု

ဖျားနာနေသော သို့မဟုတ် သေဆုံးနေသော ဝက်များ၊ လင်းနို့များနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ရမည်။
တိရစ္ဆာန် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် လက်အိတ်၊ နှာခေါင်းစည်း (Mask) များကို စနစ်တကျ ဝတ်ဆင်၍ ကိုင်တွယ်ရန်။

၃။ ရောဂါလက္ခဏာ စောင့်ကြည့်ရန်

ပြင်းထန်စွာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် သတိလစ်ခြင်းကဲ့သို့သော လက္ခဏာများ ခံစားရပါက နီးစပ်ရာ ဒေသန္တရဆေးပေးခန်းများသို့ ချက်ချင်း သတင်းပို့ ကုသမှုခံယူရမည်။

၄။ အစိုးရ၏ လုပ်ဆောင်ချက်များ

ယောနသံဒေသ ကျန်းမာရေးဌာနသည် နယ်စပ်ဂိတ်များနှင့် ဈေးများတွင် အစားအသောက် စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်။
ကူးစက်မှု သံသယရှိပါက အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) ၏ ဆေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အသွားအလာ ကန့်သတ်ခြင်း (Quarantine) လုပ်ငန်းများကို ချက်ချင်း ဆောင်ရွက်မည်။

ပြည်သူများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိဘဲ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော လမ်းညွှန်ချက်များကို အလေးအနက် လိုက်နာခြင်းဖြင့် မိမိနှင့် မိမိမိသားစု၏ အသက်အန္တရာယ်ကို ကာကွယ်ကြပါရန် အသိပေးအပ်ပါသည်။

ယောနသံဒေသ အစိုးရအဖွဲ့

စာမူမှတ်တမ်း