အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ရဲခေါင်သူရ မင်းသားအား "အမျိုးသားခေါင်းဆောင်" နှင့် "အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) ၏ သေနာပတိဟောင်း" အဖြစ် ဂုဏ်ပြုသတ်မှတ်ခြင်း

 

၁။ ယောနသံဒေသ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ဒေသသားပြည်သူများ၏ ငြိမ်းချမ်းသာယာရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဒေသထူထောင်ရေး လုပ်ငန်းစဉ်များကို ရှေ့တန်းမှ ဦးဆောင်ခဲ့သော ရဲခေါင်သူရ မင်းသား၏ သမိုင်းဝင် ကြိုးပမ်းမှုများကို နိုင်ငံတော်က အစဉ်အမြဲ အသိအမှတ်ပြုလျက် ရှိပါသည်။

၂။ ယောနသံဒေသ၏ နိုင်ငံရေးစနစ်ဖြစ်သော "ဗဟိုစုပေါင်းစနစ်" (Centralized Collective System) အခြေတည်နိုင်ရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ရရှိစေရန်အတွက် ၎င်း၏ ခိုင်မာသော ခေါင်းဆောင်မှုသည် အဓိကမဏ္ဍိုင် ဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ယနေ့မှစ၍ ရဲခေါင်သူရ မင်းသားအား ယောနသံဒေသ၏ "အမျိုးသားခေါင်းဆောင်" (National Leader) အဖြစ် တရားဝင် သတ်မှတ်အပ်နှံလိုက်သည်။

၃။ ထို့ပြင် အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) အား ခေတ်မီပြီး အင်အားတောင့်တင်းသော စစ်အင်အားစုတစ်ခု ဖြစ်လာစေရန် စတင်တည်ထောင်စဉ်ကပင် မဟာဗျူဟာမြောက် ဦးဆောင်မှုများ ပေးအပ်ခဲ့ခြင်း၊ တပ်မတော်၏ အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) ကို စနစ်တကျ ချမှတ်ပေးခဲ့ခြင်းတို့ကြောင့် ၎င်းအား "အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) ၏ သေနာပတိဟောင်း" အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့ဖြင့် သတ်မှတ် ဂုဏ်ပြုပါသည်။

၄။ ရဲခေါင်သူရ မင်းသား၏ လမ်းညွှန်ချက်များနှင့် မျိုးချစ်စိတ်ဓာတ်တို့သည် အနာဂတ် ယောနသံဒေသသားများအတွက် စံနမူနာကောင်းများအဖြစ် တည်ရှိနေမည်ဖြစ်ပြီး၊ ၎င်း၏ ဂုဏ်ကျေးဇူးကို အောက်မေ့သတိရသောအားဖြင့် ဤထုတ်ပြန်ချက်အား အတည်ပြု ထုတ်ပြန်လိုက်သည်။

အမိန့်အရ

ဦးသူရိန်

ဒေသအကြီးအကဲ၏ အတွင်းဝန်

ယောနသံဒေသ အစိုးရအဖွဲ့


စာမူမှတ်တမ်း