အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံဒေသအတွင်း မော်တော်ယာဉ်များအားလုံး ဒေသအစိုးရမှ သတ်မှတ်ထားသော လိုင်စင်နံပါတ်ပြားသစ်များ အစားထိုးလဲလှယ် တပ်ဆင်ရန် ညွှန်ကြားခြင်း


၁။ ယောနသံဒေသအတွင်း ပြေးဆွဲနေသော မော်တော်ယာဉ်များကို စနစ်တကျ မှတ်ပုံတင်စာရင်းသွင်းရန်၊ ခိုးရာပါယာဉ်များနှင့် တရားမဝင်ယာဉ်များအား တားဆီးရန်နှင့် ဒေသတွင်း လုံခြုံရေးကို ပိုမိုထိရောက်စွာ ဖော်ဆောင်နိုင်ရန်အတွက် ယောနသံဒေသအစိုးရမှ သတ်မှတ်သော ယာဉ်လိုင်စင်နံပါတ်ပြားသစ်များကို ယနေ့မှစ၍ အစားထိုးလဲလှယ် တပ်ဆင်ရမည်ဖြစ်သည်။

​၂။ နံပါတ်ပြားသတ်မှတ်ချက်နှင့် အရောင်များ -

​အစိုးရပိုင်ယာဉ်များ - အစိမ်းရောင်နောက်ခံတွင် အဖြူရောင်စာလုံး (ဥပမာ - YNT-GOV 001)

​ပုဂ္ဂလိကပိုင်ယာဉ်များ - အနက်ရောင်နောက်ခံတွင် အဖြူရောင်စာလုံး (ဥပမာ - YNT-1A 1234)

​အငှားယာဉ်များနှင့် ကုန်တင်ယာဉ်များ - အနီရောင်နောက်ခံတွင် အဖြူရောင်စာလုံး (ဥပမာ - YNT-TAXI 001)

​၃။ လိုက်နာဆောင်ရွက်ရန် သတ်မှတ်ချက်များ -

​ယောနသံဒေသအတွင်း အမြဲတမ်းနေထိုင်သူများပိုင်ဆိုင်သည့် ယာဉ်များအားလုံးသည် သတ်မှတ်ရက် ထက်နောက်မကျစေဘဲ ယောနသံဒေသ ရဲတပ်ဖွဲ့ (YNPF) ၏ ယာဉ်ထိန်းရဲဌာနတွင် လာရောက်လဲလှယ်ရမည်။

​နံပါတ်ပြားသစ်များတွင် ယောနသံဒေသ၏ လုံခြုံရေးဆိုင်ရာ RFID Chip နှင့် QR Code များ ပါဝင်မည်ဖြစ်သဖြင့် လုံခြုံရေးဂိတ်များတွင် အလိုအလျောက် စစ်ဆေးသွားမည် ဖြစ်သည်။

​သတ်မှတ်ရက်ကျော်လွန်သည်အထိ နံပါတ်ပြားလဲလှယ်ခြင်းမရှိသော ယာဉ်များကို ဒေသတွင်း သွားလာခွင့် ပိတ်ပင်တားဆီးမည်ဖြစ်ပြီး၊ သိမ်းဆည်းသည်အထိ အရေးယူသွားမည်။

​၄။ ဤညွှန်ကြားချက်သည် ယောနသံဒေသအတွင်းရှိ အုန်းကျွန်းနှင့် ရတနာရွှေမြေ အပါအဝင် ဒေသခွဲအားလုံးတွင် အကျုံးဝင်စေရမည်။

စာမူမှတ်တမ်း