ယောနသံဒေသအကြီးအကဲ တတိယမိုးနတ်မင်းသား ဖီဂျီနိုင်ငံသို့ (၉) ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် သွားရောက်
၁။ ယောနသံဒေသ၏ အချုပ်အခြာအာဏာပိုင်နှင့် အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) ၏ စစ်သေနာပတိဖြစ်သူ ဒေသအကြီးအကဲ တတိယမိုးနတ်မင်းသားသည် ဖီဂျီနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ (၉) ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်ကို အောင်မြင်စွာ သွားရောက်ခဲ့ပြီး ဖြစ်ပါသည်။
၂။ ဤခရီးစဉ်အတွင်း
ဒေသအကြီးအကဲသည် ဖီဂျီနိုင်ငံ၏ နိုင်ငံတော်အဆင့် ခေါင်းဆောင်များနှင့် တွေ့ဆုံကာ အောက်ပါကဏ္ဍများကို
အဓိကထား ဆွေးနွေးခဲ့ကြသည်
-ကျွန်းစုနိုင်ငံများ၏ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး
- ဒေသတွင်း တည်ငြိမ်ရေးနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာ
ကိစ္စရပ်များ။
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု
ဖီဂျီနိုင်ငံ၏ သဘာဝဘေးတုံ့ပြန်ရေး အတွေ့အကြုံများကို လေ့လာပြီး
ယောနသံဒေသ မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ (YFRD) ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး။
စိုက်ပျိုးရေးနှင့် နည်းပညာဖလှယ်ရေး
ဒေသ၏ စိုက်ပျိုးရေးဗဟိုဖြစ်သော ရာဇဋ္ဌာနီမြို့အတွက် အကျိုးရှိစေမည့်
နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ။
၃။ ဒေသအကြီးအကဲနှင့်အတူ ပြင်ပရေးရာဝန်ကြီး ဦးလင်းထက်နိုင်နှင့်
အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားကြပြီး၊ ယောနသံဒေသ၏ ပြင်ပရေးရာမူဝါဒဖြစ်သော
"အချုပ်အခြာအာဏာကို အလေးထား၍ မိတ်ဖက်နိုင်ငံများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း"
ကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်ခဲ့ပါသည်။
၄။ ဤခရီးစဉ်သည် ယောနသံဒေသကို နိုင်ငံတကာစင်မြင့်တွင် ပိုမိုထင်ရှားလာစေရန်နှင့်
ဒေသ၏ စီးပွားရေး၊ လုံခြုံရေး အင်အားစုများကို ကမ္ဘာ့အဆင့်မီ တည်ဆောက်ရန် ရည်သန်သည့်
မဟာဗျူဟာမြောက် ခြေလှမ်းတစ်ခုလည်း ဖြစ်ပါသည်။
