နောက်ဆုံးအကြိမ် အလင်းဝင်ရန် ဖိတ်ခေါ်ခြင်းနှင့် ပြတ်သားစွာ အရေးယူမည့်အကြောင်း ထုတ်ပြန်ချက်
၁။ ယောနသံဒေသသည် ဒေသအကြီးအကဲ တတိယ မိုးနတ်မင်းသား ၏ ဦးဆောင်မှု၊ အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) ၏ ကာကွယ်မှုတို့ဖြင့် ငြိမ်းချမ်းသာယာလျက်ရှိရာ "ဗမာ့ယောနသံတပ်မတော်" ဟု မိမိကိုယ်မိမိ အမည်နာမပေးထားသော အကြမ်းဖက်အဖွဲ့သည် ဒေသတွင်း တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်ရန် လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။
၂။ မိမိတို့အစိုးရအဖွဲ့သည် သွေးထွက်သံယိုမှု ကင်းစင်စေလိုသော
စေတနာ၊ လူသားဆန်သော စာနာမှုတို့ဖြင့် အဆိုပါ အဖွဲ့ဝင်များအား လမ်းမှားမှ လမ်းမှန်သို့
ပြန်လည်ဝင်ရောက်နိုင်ရန် အောက်ပါအတိုင်း နောက်ဆုံးအကြိမ် အခွင့်အရေးပေးအပ်လိုက်သည်
-
အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ လက်နက်များကို
အနီးဆုံး NDA စခန်း သို့မဟုတ် YNPF (ရဲတပ်ဖွဲ့) စခန်းများတွင် အမြန်ဆုံး အပ်နှံ၍ အလင်းဝင်ရောက်ရမည်။
မိမိတို့၏ အမှားကို သိမြင်ပြီး လက်နက်စွန့်လွှတ်သူများကို
ဥပဒေကြောင်းအရ သက်ညှာစွာ စဉ်းစားပေးမည်ဖြစ်ပြီး၊ ဒေသသားကောင်းများအဖြစ် ပြန်လည်နေထိုင်နိုင်ရန်
ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းပေးမည်။
၃။ ဤဖိတ်ခေါ်ချက်ကို ငြင်းပယ်ပြီး ဆက်လက်၍ အကြမ်းဖက်လုပ်ရပ်များ
လုပ်ဆောင်နေသူများ၊ သတ်မှတ်ရက်အတွင်း အလင်းမဝင်သူများကို ယောနသံဒေသ၏ ရန်သူအဖြစ် သတ်မှတ်မည်ဖြစ်သည်။
၄။ အဆိုပါ ရန်သူများကို အမျိုးသားကာကွယ်ရေးတပ်မတော်
(NDA) က မည်သည့်နေရာတွင် ပုန်းအောင်းနေသည်ဖြစ်စေ "အမြစ်ပြတ် ချေမှုန်းသွားမည်"
ဖြစ်ကြောင်း ပြတ်သားစွာ သတိပေးအပ်သည်။
၅။ ယောနသံမြေပေါ်တွင် အကြမ်းဖက်သမားများ ခြေချစရာနေရာ မရှိစေရဘဲ
အချုပ်အခြာအာဏာကို ထိပါးလာပါက အကြွင်းမဲ့ ချေမှုန်းသွားမည် ဖြစ်သည်။
အမိန့်အရ -
ဦးတင်အေး
ကာကွယ်ရေးဝန်ကြီး
