အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

"ဗမာ့ယောနသံတပ်မတော်" အကြမ်းဖက်အဖွဲ့၏ ထိပ်တန်းအရာရှိ (၂) ဦးအား အရှင်ဖမ်းဆီးရမိ

၁။ ယောနသံဒေသ အစိုးရအဖွဲ့သည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရာဇဌာနီဒေသခွဲအတွင်းရှိ အကြမ်းဖက်စခန်းအား စီးနင်းတိုက်ခိုက်အောင်မြင်ခဲ့ပါသည်။
ယင်းနောက် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ ထွက်ပြေးတိမ်းရှောင်နေသည့် အဓိက တရားခံများကို အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) နှင့် ဒေသရဲတပ်ဖွဲ့ (YNPF) တို့ ပူးပေါင်း၍ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။
​၂။ ယနေ့ နံနက်ပိုင်းတွင် ဧရာဟံသာ နယ်စပ်အနီး လျှို့ဝှက်ပုန်းအောင်းနေသော "ဗမာ့ယောနသံတပ်မတော်" အမည်ခံ အကြမ်းဖက်အဖွဲ့၏ အောက်ဖော်ပြပါ ထိပ်တန်းတာဝန်ရှိသူ (၂) ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်-
​(က) အောင်မင်းဦး (ခ) ဖိုးသား - ဗမာ့ယောနသံပါတီ (အမည်ခံ) ၏ အတွင်းရေးမှူး။ ၎င်းသည် အကြမ်းဖက်အဖွဲ့၏ ဝါဒဖြန့်ချိရေး၊ လူသစ်စုဆောင်းရေးနှင့် ပြည်ပ အဖျက်အမှောင့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ရေးအတွက် အဓိက တာဝန်ယူရသူ ဖြစ်သည်။
(ခ) ကျော်ထက်ဟိန်း - ဗမာ့ယောနသံတပ်မတော်၏ စီးပွားရေး တာဝန်ခံ။ ၎င်းသည် ဒေသတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းရှင်များထံမှ အဓမ္မ ဆက်ကြေးကောက်ခံရန်၊ တရားမဝင် မှောင်ခိုလုပ်ငန်းများကို ဦးဆောင်ပြုလုပ်၊ ငွေကြေးကောက်ခံပြီး ရရှိသော ငွေကြေးများကို စီမံခန့်ခွဲခြင်းနှင့် လက်နက်ခဲယမ်း ဝယ်ယူမှုများအတွက် ဘဏ္ဍာရှာဖွေပေးနေသူ ဖြစ်သည်။
​၃။ ဖမ်းဆီးရမိသူများထံမှ အကြမ်းဖက်အဖွဲ့၏ ဘဏ္ဍာရေး အထောက်အထားများ၊ ဆက်ကြေးကောက်ခံရန် စီစဥ်ထားသူများ အမည်ပါ စာရင်းဇယားများနှင့် အမာခံဆက်သွယ်သူများ၏ အမည်စာရင်း ပါဝင်သော လျှို့ဝှက်မှတ်တမ်းစာအုပ်များကိုလည်း သိမ်းဆည်းရမိခဲ့ပါသည်။
​၄။ အဆိုပါ ဖမ်းဆီးရမိသူများကို "၂၀၂၇ ခုနှစ်၊ ယောနသံဒေသ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ" အရ ပြင်းထန်စွာ အရေးယူနိုင်ရန် ယောနသံဒေသ ရဲတပ်ဖွဲ့ (YNPF) ၏ အတွင်းရေးရာဌာနသို့ လွှဲပြောင်းပေးအပ်ကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိပါသည်။ ၎င်းတို့ထံမှ ရရှိသည့် သတင်းအချက်အလက်များကို အခြေခံ၍ ကျန်ရှိနေသေးသော အကြမ်းဖက် အကြွင်းအကျန်များကိုလည်း အမြစ်ပြတ် ဆက်လက်ချေမှုန်းသွားမည် ဖြစ်သည်။
​၅။ မိဘပြည်သူများအနေဖြင့် ဒေသ၏ လုံခြုံရေးကို ယုံကြည်စိတ်ချစွာဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန်နှင့် အကြမ်းဖက်သမားများအား လက်ခံထားခြင်း၊ အားပေးကူညီခြင်းများ မပြုလုပ်ကြပါရန် ထပ်မံ သတိပေးတိုက်တွန်းအပ်ပါသည်။
​ဒေသအကြီးအကဲ၏ အမိန့်အရ -
​(ပုံ)
ဦးဒီပါ
ဒေသဝန်ကြီးချုပ်
ယောနသံဒေသ အစိုးရအဖွဲ့

စာမူမှတ်တမ်း