အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

အရေးပေါ် အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်

 


​၁။ လက်ရှိကာလတွင် ယောနသံဒေသအပါအဝင် မြန်မာနိုင်ငံတွင် အပူချိန်သည် ပုံမှန်ထက် မြင့်တက်လျက်ရှိပြီး အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ခြင်းနှင့် အသက်အန္တရာယ်ဖြစ်စေနိုင်သည့် Heatstroke (အပူလျှပ်ခြင်း) အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူလူထုအနေဖြင့် အောက်ပါအတိုင်း အထူးသတိပြု နေထိုင်ကြရန် နှိုးဆော်အပ်ပါသည်။

​၂။ လိုက်နာဆောင်ရွက်ရန် အချက်များ 

​နေရောင်ခြည်ကို ရှောင်ကြဉ်ပါ - အပူချိန် အမြင့်ဆုံးဖြစ်သော နေ့လယ် (၁၁) နာရီမှ ညနေ (၄) နာရီအတွင်း အပြင်ထွက်ခြင်းနှင့် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။

​ရေများများသောက်ပါ - ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ တစ်နေ့လျှင် အနည်းဆုံး ရေ (၃) လီတာခန့် သောက်သုံးပေးပါ။ အယ်လ်ကိုဟောနှင့် ကဖိန်းဓာတ်ပါသော သောက်စရာများကို ရှောင်ကြဉ်ပါ။

​သင့်တော်သော အဝတ်အစား ဝတ်ဆင်ပါ - ချည်သားကဲ့သို့ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းသော အဝတ်အစားများ၊ အရောင်ဖျော့သော အဝတ်အစားများကို ဝတ်ဆင်ပါ။ အပြင်ထွက်ပါက ထီး၊ ဦးထုပ် သို့မဟုတ် မျက်မှန်များ အသုံးပြုပါ။

​အပူလျှပ်ခြင်း လက္ခဏာများကို သတိပြုပါ - မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အသားအရေ နီမြန်းပြီး ပူရှိန်းခြင်း၊ ပျို့အန်ခြင်းနှင့် သတိလစ်ခြင်းများ ဖြစ်ပေါ်ပါက နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပါ။

​၃။ အစိုးရ၏ စီမံဆောင်ရွက်ချက်များ -

မြို့ကြီးများ၏ လူစည်ကားရာနေရာများတွင် အခမဲ့နားနေဆောင်နှင့် ရေအေးများ ပံ့ပိုးပေးထားပါသည်။

​ကျန်းမာရေးအဖွဲ့များ အသင့်ပြင်ထားခြင်း - ယောနသံဒေသ မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ (YFRD) နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ အရေးပေါ် လူနာတင်ယာဉ်များကို ၂၄ နာရီ အသင့်ပြင်ထားပါသည်။

​၄။ အုန်းကျွန်းဒေသခွဲနှင့် ရတနာရွှေမြေဒေသရှိ ဒေသခွဲအစိုးရများအနေဖြင့် မိမိတို့နယ်မြေအတွင်းရှိ အလုပ်သမားများအား နေပူထဲတွင် အလုပ်လုပ်ကိုင်စေခြင်းကို ကန့်သတ်ရန်နှင့် အပူဒဏ်ကာကွယ်ရေး အစီအမံများ ပြုလုပ်ပေးရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။



စာမူမှတ်တမ်း