ဖီဂျီနိုင်ငံ ဝန်ကြီးချုပ်၏ ယောနသံဒေသ ချစ်ကြည်ရေးခရီးစဉ်နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထုတ်ပြန်ချက်
၁။ ယောနသံဒေသ၏ ဒေသအကြီးအကဲ တတိယ မိုးနတ်မင်းသား ၏ ဖိတ်ကြားချက်အရ
ဖီဂျီနိုင်ငံ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၇) ရက် နံနက်ပိုင်းတွင်
ယောနသံမြို့သို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဆိုက်ရောက်လာခဲ့ကြသည်။ ဒေသအကြီးအကဲ ကိုယ်တိုင်
အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) ၏ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပြီး ဒေသအစိုးရအဖွဲ့ဝင်
ဝန်ကြီးများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။
၂။ ခရီးစဉ်အတွင်း ဒေသအကြီးအကဲနှင့် ဖီဂျီဝန်ကြီးချုပ်တို့သည်
ယောနသံဒေသ၏ "ဗဟိုစုပေါင်းစနစ်" (Centralized Collective System) ကျင့်သုံးပုံနှင့်
ဒေသတွင်း တည်ငြိမ်အေးချမ်းရေး တည်ဆောက်ထားမှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အထူးသဖြင့် ဖီဂျီနိုင်ငံနှင့် ယောနသံဒေသကြား ရေကြောင်းကုန်သွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ
ကာကွယ်ရေးနှင့် စိုက်ပျိုးရေးနည်းပညာ ဖလှယ်ရေးကဏ္ဍများကို တိုးမြှင့်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။
၃။ ဖီဂျီဝန်ကြီးချုပ်သည် ခရီးစဉ်အတွင်း အောက်ပါနေရာများသို့
သွားရောက်လေ့လာခဲ့ပါသည် -
ရန်အောင်မြင်မြို့ - ရေကြောင်းကုန်သွယ်ရေးနှင့် ရေနက်ဆိပ်ကမ်း
လုပ်ငန်းစဉ်များကို ကြည့်ရှုလေ့လာခြင်း။
ရာဇဌာနီမြို့ - စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်
ဗဟိုဌာနရှိ ခေတ်မီစိုက်ပျိုးရေး စနစ်များကို လေ့လာခြင်း။
တံခွန်စစ်တက္ကသိုလ် - အမျိုးသားကာကွယ်ရေးတပ်မတော်
(NDA) ၏ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးစနစ်များကို လေ့လာကြည့်ရှုခြင်း တို့ ဖြစ်သည်။
၄။ ညနေပိုင်းတွင် ဒေသဝန်ကြီးချုပ် ဦးဒီပါ က ဂုဏ်ပြုညစာစားပွဲဖြင့်
တည်ခင်းဧည့်ခံခဲ့ပြီး ပြင်ပရေးရာဝန်ကြီး ဦးလင်းထက်နိုင် နှင့်အတူ ဖီဂျီနိုင်ငံ နှင့် ယောနသံဒေသအကြား ချစ်ကြည်ရင်းနှီးမှု
ပိုမိုခိုင်မြဲစေရန် ဆောင်ရွက်ခဲ့ပါသည်။ ဤခရီးစဉ်သည် ယောနသံဒေသ၏ နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍတွင်
အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ပြီး ဒေသ၏ စီးပွားရေးနှင့် လုံခြုံရေးကို ကမ္ဘာ့အဆင့်မီ
တည်ဆောက်ရာတွင် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
(ပုံ)
ယောနသံဒေသ အစိုးရအဖွဲ့
