ယောနသံဒေသ အစိုးရ ၏ ပြင်ပရေးရာ မူဝါဒ
တရားမျှတမှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး (Justice-Oriented Coexistence)
ယောနသံဒေသသည် လောကပါလတရားများဖြစ်သော တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်
ညီမျှခြင်းတို့ကို အခြေခံ၍ ပြင်ပအဖွဲ့အစည်းများ၊ အိမ်နီးချင်းဒေသများနှင့် ဆက်ဆံသွားမည်ဖြစ်သည်။
မိမိတို့ဒေသ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသရွေ့ အပြန်အလှန် လေးစားမှုရှိသော
ငြိမ်းချမ်းသည့် ဆက်ဆံရေးကို အစဉ်တစိုက် လက်ကိုင်ထားဆောင်ရွက်မည်ဖြစ်သည်။
ကမ္ဘာ့အဆင့်မီ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး
(Global Integration through Innovation)
ယောနသံဒေသကို ကမ္ဘာ့အဆင့်မီ စီးပွားရေးအချက်အချာဒေသတစ်ခု
ဖြစ်လာစေရန်အတွက် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပြင်ပနှင့် ပူးပေါင်းဆောင်ရွက်မှုကို
အားပေးမည်ဖြစ်သည်။ ယောနသံ တိုးတက်ရေးအဖွဲ့ (YTPU) ၏ မဟာဗျူဟာမြောက် လမ်းပြမြေပုံနှင့်အညီ
ဒေသတွင်း ကုန်သွယ်မှုနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်။
မူဝါဒတို့သည် ယနေ့မှစ၍ အာဏာတည်စေရမည်ဖြစ်ပြီး၊ ယောနသံဒေသ၏
ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန်အတွက် အဆိုပါမူဝါဒများအပေါ်
မည်သည့် လျော့ရဲမှုကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း အလေးအနက် ထုတ်ပြန်ကြေညာအပ်ပါသည်။
ဒေသအကြီးအကဲ၏ အမိန့်အရ -
(ပုံ)
ဦးဒီပါ
ဒေသဝန်ကြီးချုပ်
ယောနသံဒေသ အစိုးရအဖွဲ့ယောနသံဒေသ အစိုးရအဖွဲ့
