အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံ ဒေသအကြီးအကဲက အမျိုးသားကာကွယ်ရေး တပ်မတော် (NDA) ၏ တပ်စခန်းများကို ကြည့်ရှု့၊ စစ်ဆေး

ယောနသံ ဒေသအကြီးအကဲ ပထမ မိုးနတ်မင်းသားသည် တာဝန်ရှိသူများနှင့်အတူ အမျိုးသားကာကွယ်ရေး တပ်မတော် (NDA) ၏ တပ်စခန်းများကို ကြည့်ရှု့၊ စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေသအကြီးအကဲနှင့် အတူ ယောနသံဒေသ အစိုးရအဖွဲ့ ၏ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး လင်းထင်၊ အမျိုးသားကာကွယ်ရေးတပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းဇော်၊ လေတပ်ဖွဲ့ ဦးစီးချုပ် ဗိုလ်ချုပ်ယမင်းမေ တို့ အပါအဝင် တာဝန်ရှိသူများက လိုက်လံ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးရာတွင် ယောနသံဒေသ၏ တပ်မဟာများ ဖြစ်သော အမှတ် ၃၊ အမှတ် ၆၊ အမှတ် ၉၊ အမှတ် ၁၂ နှင့် အမှတ် ၁၅ တပ်မဟာ နှင့် နယ်ခြားစစ်ဌာနချုပ် တို့ လက်အောက်ရှိ တပ်စခန်းများသို့ သွားရောက်ခဲ့သည်။

စစ်ဆေးစဥ် သက်ဆိုင်ရာ တပ်မဟာ အသီးသီးရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မေးမြန်း၊ မှာကြားခဲ့သည်။

လိုက်လံစစ်ဆေးစဉ်တွင် တပ်မတော်သားများ၏ စွမ်းဆောင်ရည်များနှင့် လက်နက်ကိုင် တပ်ဖွဲ့များ၏ ပြင်ဆင်မှုအခြေအနေများကို ကြည့်ရှု့ခဲ့သည်။

အမျိုးသားကာကွယ်ရေးတပ်မတော်၏ စည်းကမ်းသဘောထားများ၊ လေ့ကျင့်မှုများနှင့် အခြားနည်းပညာများကို ပိုမိုမြှင့်တင်ရန် အကြံပြုချက်များကို လည်း ခရီးစဥ်အတွင်း ဒေသအကြီးအကဲ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိ အမျိုးသားကာကွယ်ရေး တပ်မတော်တွင်အထူးအခြေခံသင်တန်းများကို ဆက်လက် ဆောင်ရွက်နေပြီး အဆင့်မြှင့်တင်ရေး အရှိန်မြ

စေရန်လည်း ဆောင်ရွက်နေသည်။ 


စာမူမှတ်တမ်း