အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

အမျိုးသားကာကွယ်ရေး တပ်မတော် (NDA) ၏ ထိုးစစ်အတွင်း အကြမ်းဖက်အဖွဲ့ TYA ၏ စစ်ရေး ခေါင်းဆောင်ကို အသေဖမ်းမိ

အကြမ်းဖက်အဖွဲ့ အဖြစ် ကြေငြာထားသော TYA အဖွဲ့ ကို ဧရာဟံသာဒေသမှ ထောက်ပံ့ကူညီနေကြောင်း အမျိုးသားကာကွယ်ရေး တပ်မတော် (NDA) က သိမ်းပိုက်ရရှိသော ပစ္စည်းများ၊ ထောက်လှမ်းရေး သတင်းများ၊ ဖမ်းမိသူများ၏ ထွက်ဆိုချက်များ အရ အတိအကျ သိရပြီး ဖြစ်သည်။ 

ထို့အပြင် TYA အကြမ်းဖက်အဖွဲ့သည် ယောနသံဒေသ အား ဆက်လက်တိုက်ခိုက်ရန် အစီစဥ်ရှိနေကြောင့် သတင်းအတိအကျ ရခဲ့သည်။ 

ထို့အပြင် TYA ၏ စစ်ရေးခေါင်းဆောင် ရန်နိုင်သည်လည်း ယောနသံဒေသကို တိုက်ခိုက်မည့် သောင်းကျန်းသူများကို ကွပ်ကဲရန် TYA အကြမ်းဖက်အဖွဲ့ က ပထမ ခံတပ် ဟု သတ်မှတ်ထားသော ယောနသံ - ဧရာဟံသာ နယ်စပ်မျဥ်းအနီး၊ ဧရာဟံသာ ဒေသ တွင်းက သံပေါက်ကျေးရွာအနီး ရှိ TYA အဖွဲ့၏ အမာခံ စခန်းတွင် ရောက်နေကြောင်း သတင်းပေးများက အတိအကျ သတင်းပေးသည်။

ထို့ကြောင့် ယောနသံဒေသအစိုးရ အဖွဲ့သည် သံပေါက်ကျေးရွာအနီး ရှိ TYA အဖွဲ့၏ အမာခံ စခန်းကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ပြီးအမှတ် ၁၅ တပ်မဟာမှူး၏ ကွပ်ကဲမှုအောက်တွင် NDA တပ်ဖွဲ့များကို အဆိုပါဒေသ သို့ လျှပ်တပြက် ချီတက်တိုက်ခိုက်စေခဲ့သည်။ 

စက်တင်ဘာလ ၇ ရက် နံနက်ပိုင်း ၄ နာရီ ၄၅ မိနစ်တွင် NDA တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ တိုက်ခိုက်မှုကို စတင်ခဲ့ရာ သောင်းကျန်းသူများမှ စက်သေနတ်များ၊ လက်ပစ်ဗုံးများ၊ မော်တာများဖြင့် ခုခံခဲ့သည်။ 

တိုက်ပွဲသည် သုံးနာရီခန့်ကြာမြင့်ခဲ့ပြီး ယောနသံ က ဝိုင်းပတ်တိုက်ခိုက်မှု၊ ပြတ်တောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ NDA တပ်ဖွဲ့များသည် သောင်းကျန်းသူနေရာများကို အပြည့်အ၀ ထိန်းချုပ်နိုင်ခဲ့သည်။

 သောင်းကျန်းသူအများအပြား လက်နက်ချခဲ့ပြီး အခြားသူများ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြသည်။

သောင်းကျန်းသူများ စခန်းကို ရှင်းလင်းမှုပြုလုပ်ရာ YTA အဖွဲ့၏ စစ်ရေးခေါင်းဆောင် ရန်နိုင်ကို ၎င်း ရုံးခန်းအဖြစ် အသုံးပြုရာ ကတုပ်ကျင်း အတွင်း ဗုံးထိမှန် သေဆုံးနေသည်ကို တွေ့မြင်ကာ အသေဖမ်းဆီးရမိသည်။ 

သောင်းကျန်းသူ ၁၄ ဦးကို အသေဖမ်းမိပြီး ၃၇ ဦးကို အရှင်ဖမ်းမိသည်။ NDA မှ တပ်မတော်သား ၅ ဦးကျဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ရန်နိုင်ကို အသေ ဖမ်းဆီးရမိခြင်းသည် TYA ကို သိသိသာသာ အားနည်းသွားစေမည်ဟု NDA က ယုံကြည်သည်။ NDA သည် အနီးပတ်ဝန်းကျင်ရှိ ကျန်ရှိသော သောင်းကျန်းသူဆဲလ်များကို ဆက်လက်စောင့်ကြည့်ပြီး နှိမ်နင်းသွားမည်ဖြစ်သည်။    

NDA သည် အနာဂတ် သောင်းကျန်းသူ လှုပ်ရှားမှုများကို တားဆီးရန်နှင့် ပြည်သူများကို ကာကွယ်ရန်အတွက် ဒေသတွင်း အနှံ့ လုံခြုံရေး အစီအမံများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။


စာမူမှတ်တမ်း