အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံဒေသ တွင် ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှု အကြောင်း ထုတ်ပြန်ချက်

မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရန်အောင်မြင်ဒေသခွဲ၊ အိမ်ဦးဒေသခွဲ နှင့် တံခွန်ဒေသခွဲရှိ နေရာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ဒေသ အစိုးရက အဆိုပါဒေသခွဲ သုံးခုတွင် ကူညီ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန် အရေးပေါ်အခြေအနေကြေညာထားသည်။ 

ရေကြီးရေလျှံမှုများကြောင့် မိသားစုများစွာ နေအိမ်မှ ယာယီစွန့်ခွာခဲ့ရပြီး နေအိမ်နှင့် အခြေခံအဆောက်အအုံများ ထိခိုက်ခဲ့ရသည်။ လက်တလော ရေကျနေသော်လည်း လမ်းပန်းဆက်သွယ်ရေးမှာ ခက်ခဲနေဆဲ ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်ရန်အတွက် ဒေသအစိုးရသည် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) တို့ကို အကူအညီပေးရန် စေလွှတ်၊ ခွင့်ပြုထားပြီး ဖြစ်သည်။ ရေကြီးရေလျှံမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများအား နေရာထိုင်ခင်း၊ အစားအစာ၊ ရေနှင့် ဆေးဝါးအကူအညီများ ပေးရန် အရေးပေါ် ကယ်ဆယ်ရေးစခန်းများ ထူထောင်ထားပြီး ဖြစ်သည်။

ထို့အပြင် ဒေသအစိုးရသည် ပြည်တွင်းပြည်ပ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ ထပ်လောင်းပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ အစိုးရသည် ထိခိုက်သွားသော အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရန်အတွက် ရေရှည်ပြန်လည်ထူထောင်ရေးအစီအစဉ်များကိုလည်း ပြင်ဆင်လျက်ရှိသည်။

 

စာမူမှတ်တမ်း