Search
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ
×
အခန်း ၁ – အထွေထွေ
ပုဒ်မ ၁ - အမည်နှင့် ရည်ရွယ်ချက်
ယောနသံဒေသ အတွင်း နိုင်ငံရေးပါတီများ တရားဝင် မှတ်ပုံတင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းများကို စနစ်တကျ ပြုလုပ်ရန်နှင့် ဒေသတွင်းစည်းလုံးညီညွတ်မှု ထိန်းသိမ်းရန် ဤ ဥပဒေကို "ယောနသံဒေသ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ" ဟု ခေါ်ဆိုသည်။
ပုဒ်မ ၂ - ဥပဒေအတွက် တာဝန်ရှိသူ
ဥပဒေကို ယောနသံ ဒေသအစိုးရ၏ တရား ဥပဒေအရာရှိများက စနစ်တကျ ထိန်းချုပ်မည်ဖြစ်သည်။
အခန်း ၂ – နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း
ပုဒ်မ ၃ - တရားဝင်ပါတီ
ယောနသံဒေသတွင် တရားဝင် နိုင်ငံရေးပါတီ အဖြစ် "ယောနသံ တိုးတက်ရေးအဖွဲ့" (YDA) ကိုသာသတ်မှတ်ထားသည်။
**ပုဒ်မ ၄ - အခြားပါတီများ မှတ်ပုံတင်ခြင်း
ယောနသံဒေသတွင် "ယောနသံ တိုးတက်ရေးအဖွဲ့" အပြင် အခြား နိုင်ငံရေးပါတီများကို သီးခြား တည်ထောင်ခွင့် မပြု။
ပုဒ်မ ၅ - နိုင်ငံရေးပါတီများမှ လုပ်ဆောင်ခြင်းများ
တရားဝင်မှတ်ပုံတင်ထားသော "ယောနသံ တိုးတက်ရေးအဖွဲ့" မဟုတ်သည့် အဖွဲ့အစည်းများသည် နိုင်ငံရေးဆောင်ရွက်မှုများပြုလုပ်ပါက အရေးယူခြင်းခံရမည်ဖြစ်သည်။
အခန်း ၃ – တရားမဝင်ပါတီများ၊နိုင်ငံရေး အဖွဲ့အစည်းများအပေါ် စည်းမျဉ်းနှင့် အရေးယူမှုများ
ပုဒ်မ ၆ - တရားမဝင်ပါတီများ
တရားမဝင်ပါတီများကို တည်ဆဲ ဥပဒေစည်းမျဉ်းများအရ စစ်ဆေး၍ ပြည်သူများအပေါ် တရားမဝင် မဲဆွယ်ခြင်း၊ သတင်းလွှာထုတ်ပြန်ခြင်းနှင့် စီတန်းလှည်ပွဲများ မပြုလုပ်ရမ် တင်းကြပ်စွာ တားမြစ်သည်။
ပုဒ်မ ၇ - ပြစ်ဒဏ်များ
ပုဒ်မ ၆ ကို ချိုးဖောက်ပါက ထောင်ဒဏ် ဆယ်နှစ် ထက် မနည်းသော ပြစ်ဒဏ် သို့မဟုတ် ငွေဒဏ်နှင့် ပူးတွဲ ချမှတ်မည်။
အခန်း ၄ – နိုင်ငံရေးပါတီများ တည်ထောင်ခွင့် နှင့် အခြေခံလိုအပ်ချက်များ
ပုဒ်မ ၈ - အခြေခံလိုအပ်ချက်များ
ယောနသံဒေသ အတွင်း တည်ငြိမ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ယောနသံ တိုးတက်ရေးအဖွဲ့ ၏ မူဝါဒများကို အခြားပါတီများ၊ နိုင်ငံရေး အဖွဲ့အစည်းများက လိုက်နာရန်လိုအပ်သည်။
ပုဒ်မ ၉ - အခြားပါတီများမှ ပြည်သူများကို စည်းရုံ၊ ဆွဲဆောင်ခြင်း
ယောနသံတိုးတက်ရေးအဖွဲ့မှ သတ်မှတ်ထားသော နည်းလမ်းနှင့် လိုက်လျောညီထွေမှုဖြင့်သာ ဆောင်ရွက်ခွင့်ပြုမည်။
အခန်း ၅ – နိုင်ငံရေးပါတီများထားရှိရမည့် ရည်ရွယ်ချက်
ပုဒ်မ ၁၀ - ရည်ရွယ်ချက်များ
"ယောနသံ တိုးတက်ရေးအဖွဲ့" ကို တရားဝင် နိုင်ငံရေးပါတီအဖြစ် သတ်မှတ်ထားခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများ၏ စည်းလုံးညီညွတ်မှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြစ်သည်။
ပုဒ်မ ၁၁ - ရေရှည်စီမံချက်များ
နိုင်ငံရေးဆွဲဆောင်မှုများ၊ မဲဆွယ်မှုများကို "ယောနသံ တိုးတက်ရေးအဖွဲ့" နှင့် မိတ်ဖက်နိုင်ငံရေး အဖွဲ့အစည်းများ ကသာ လုပ်ဆောင်ခွင့်ပြုမည် ဖြစ်သည်။
**အခန်း ၅ – ရှင်းလင်းချက် နှင့် ခွင့်ပြုခြင်း
**ပုဒ်မ ၁၂ - သီးခြားပါတီများမှ တည်ထောင်ခွင့်မပြုခြင်းအကြောင်းရင်းများ
ယောနသံ ဒေသ အတွင်း အခြား နိုင်ငံရေး စနစ် နိုင်ငံရေးပါတီများကို တည်ထောင်ခွင့်မပြုခြင်းမှာ ပြည်သူများ၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန်
ဖြစ်သည်။ လွတ်လပ်မှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ပြီး ပဋိပက္ခမဖြစ်ပွားစေရန် ဖြစ်သည်။
ပုဒ်မ ၁၃ - အခြားပါတီများမှတ်ပုံတင်ရန် လိုအပ်ချက်များ
နိုင်ငံရေးပါတီ တခုအဖြစ် မှတ်ပုံတင်ရန်အတွက် အောက်ပါ လိုအပ်ချက်များကို ပြည့်မီရမည်။
- ဒေသအစိုးရ၏ အတည်ပြုချက်ရယူရမည်။
- ယောနသံ တိုးတက်ရေးအဖွဲ့၏ မူဝါဒများနှင့် တိကျစွာလိုက်နာရမည်။
ဤဥပဒေကို ယောနသံဒေသ၊ ပြည်သူ့အတိုင်ပင်ခံ ကောင်စီက အတည်ပြုပြီး ကျွန်ုပ် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။
ပထမ မိုးနတ်မင်းသား
အကြီးအကဲ
ယောနသံဒေသ အစိုးရအဖွဲ့
စာမူမှတ်တမ်း
-
▼
2024
(171)
-
▼
September
(19)
- အမျိုးသားကာကွယ်ရေး တပ်မတော် (NDA) ၏ ထိုးစစ်အတွင်း ...
- အမျိုးသားကာကွယ်ရေး တပ်မတော် (NDA) နှင့် အကြမ်းဖက်အ...
- ယောနသံကို စောင်းငဲ့ကြည့်ခြင်း
- ရဲခေါင် ရေနက်ဆိပ်ကမ်း ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပ
- စာအုပ်ခြုံငုံသုံးသပ်ချက် - ယောနသံ သို့မဟုတ် စတင်ခြင်း
- အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုဖြင့် အိမ်ဦ...
- ယောနသံဒေသ အကြီးအကဲက ရေဘေးသင့် ပြည်သူများထံ သွားရော...
- ယောနသံဒေသ တွင် ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှု အကြေ...
- ယောနသံ ဒေသအကြီးအကဲ နှင့် CNN သတင်းဌာန အင်တာဗျူး
- ယောနသံဒေသ တွင် လက်နက်စက်ရုံသစ် ဖွင့်လှစ်
- ယောနသံဒေသနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ
- တောင်မြေစခန်းမှ ဇွဲနှင့် သတ္တိ (အင်တာဗျူး)
- ဧရာဟံသာ စစ်တပ် ၏ ကျူးကျော်မှုကို အချိန်တိုအတွင်း တ...
- တရုတ်နိုင်ငံမှ အာရှရေးရာအထူးကိုယ်စားလှယ် နှင့် ဒေ...
- ဒေသအကြီးအကဲ ၏ စစ်ဝတ်စုံ ဓာတ်ပုံကို စတင်ရောင်းချ
- ယောနသံ ဒေသအကြီးအကဲက အမျိုးသားကာကွယ်ရေး တပ်မတော် (N...
- ယောနသံဒေသအကြီးအကဲ ပထမမိုးနတ်မင်းသား၏ ဗမာအမျိုးသား...
- ယောနသံ ဒေသအစိုးရ အပေါ် လူထု ထောက်ခံမှုမှာ သမိုင်းတ...
- ယောနသံဒေသ အစိုးရ က အသေးစား၊ အလတ်စား စီးပွားရေး လုပ...
-
▼
September
(19)