အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

အမျိုးသားကာကွယ်ရေး တပ်မတော် (NDA) နှင့် အကြမ်းဖက်အဖွဲ့ TYA အဖွဲ့တို့ ထိတွေ့မှုဖြစ်

အမျိုးသားကာကွယ်ရေး တပ်မတော် (NDA) နှင့် အကြမ်းဖက်အဖွဲ့ TYA အဖွဲ့တို့သည် စက်တင်ဘာလ ၄ ရက်က တံခွန်ဒေသခွဲတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်

ယင်းနေ့ နံနက်အစောပိုင်း ၃ နာရီ နာရီခန့်တွင် Helena Gorge တောင်ကုန်းအနီးတွင် တပ်စွဲထားသော NDA တပ်ဖွဲ့ဝင်များသည် TYA အကြမ်းဖက်အဖွဲ့၏ သံသယဖြစ်ဖွယ်လှုပ်ရှားမှုများကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် သတိအနေအထားဖြင့် ဆက်လက်စောင့်ကြည့်နေရာ ပွိုင့် ၂၃၅ တောင်ကုန်းအနီးတွင် ရန်သူ အစုအဝေးကို ထင်ရှားစွာ မြင်တွေ့ရသည်။ 

နံနက် ၄ နာရီခန့်တွင် သူပုန်တပ်ဖွဲ့များသည် RPGs များ၊ လက်နက်ငယ်များ၊ ဖောက်ခွဲရေးပစ္စည်းများ (IEDs) ကို အသုံးပြု၍ ထိုးစစ်ကို စတင်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

တိုက်ခိုက်မှုတွင် NDA ဘက်မှ မြေပြင်တပ်ဖွဲ့များကို တပ်ကူပေးပို့ကာ အားဖြည့်ခဲ့သည်။ NDA သည် အရှေ့ဘက် တောင်ကြောအနီးရှိ သူပုန်များ ခိုအောင်းရာနေရာများကို ရှင်းလင်းရင်း တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ၃ နာရီကြာ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပြီးနောက် ရန်သူကို ဝိုင်းပတ်နိုင်ခဲ့သည်။ 

နံနက် ၇ နာရီ ၁၅ မိနစ်တွင် NDA တပ်ဖွဲ့ဝင်များသည် နယ်မြေကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး TYA အဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးအပါအဝင် သူပုန်စစ်သား ၁၂ ဦးကို အရှင် ဖမ်းမိခဲ့သည်။

ဖြစ်စဥ်တွင် NDA မှ တပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရပြီး ၂ ဦး ကျဆုံးခဲ့သည်။ ဒဏ်ရာရစစ်သည်များအား စစ်ဘက်ဆိုင်ရာဆေးရုံသို့ ချက်ချင်း ရွှေ့ပြောင်းပေးခဲ့ပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်သည်။
 
အကြမ်းဖက် သူပုန်အဖွဲ့ဘက်မှ ၂၁ ဦး သေဆုံးကာ ၇ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ ဖမ်းဆီးခံထားရသော သူပုန်အများစုက ၄င်းတို့သည် ဧရာဟံသာဒေသ နှင့် တိုက်ရိုက်ချိတ်ဆက်မှုများရှိပြီး စစ်ရေးနည်းပညာနှင့် လက်နက်ခဲယမ်းမီးကျောက်များ လက်ခံရရှိကြောင်း ဝန်ခံထားသည်။

ထို့အပြင် ဧရာဟံသာမှ ထောက်ပံ့ပေးထားသော စစ်လက်နက်ပစ္စည်းများကို တွေ့ရသည် သာမက ၄င်းတို့ စစ်တပ်ထုတ် တံဆိပ်ပါသော ခဲယမ်းမီးကျောက်သေတ္တာကြီးများကို သိမ်းဆည်းရမိခဲ့သည်။  

သောင်းကျန်းသူ လှုပ်ရှားမှုများကို တားဆီးရန်အတွက် နယ်မြေအတွင်း NDA တပ်ဖွဲ့ဝင် ၁,၀၀၀ ကို ထပ်တိုး ဖြန့်ကျက်ထားသည်။ NDA တပ်မတော် (လေ) ထောက်လှမ်းရေးဒရုန်းများနှင့် ကင်းလှည့် လေယာဥ်များက နယ်စပ်တစ်လျှောက် စောင့်ကြည့်မည်ဖြစ်သည်။

တရားဝင် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီး နိုင်ငံတကာ လက်နက်မှောင်ခို ကွန်ရက်များကိုလည်း စိစစ်နေပြီး ပူးပေါင်းဆောင်ရွက်သူများ ကို အရေးယူမည် ဖြစ်သည်။

 ယောနသံဒေသ အစိုးရသည် ငြိမ်းချမ်းရေး၊ စေ့စပ်ညှိနှိုင်းရေးအတွက် လမ်းဖွင့်ထားဆဲ ဖြစ်သည်။ သို့သော်လည်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်မရရှိမချင်း NDA သည် ၎င်း၏ လုပ်ငန်းများကို ရပ်တန့်မည်မဟုတ်ပေ။  

 

စာမူမှတ်တမ်း