ယောနသံ ဒေသအစိုးရ အပေါ် လူထု ထောက်ခံမှုမှာ သမိုင်းတလျှောက် အမြင့်ဆုံးကို ရောက်ရှိ
ယောနသံ ဒေသအစိုးရ အပေါ် လူထု ထောက်ခံမှုမှာ သမိုင်းတလျှောက် အမြင့်ဆုံးကို ရောက်ရှိနေကြောင်း လွတ်လပ်သော အချက်အလက်ကောက်ယူရေး အဖွဲ့ ဖြစ်သည် Asia Strategy က ဆိုထားသည်။
Asia Strategy အဖွဲ့ က အာရှဒေသအတွင်း ရှိ နိုင်ငံများမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အာဏာပိုင်များအပေါ် ပြည်သူတို့၏ ထောက်ခံမှု အခြေအနေများကို ထောက်ခံ သို့မဟုတ် ကန့်ကွက် မေးခွန်း နှစ်ခုဖြင့် စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ကောက်ယူမေးမြန်းရာတွင် ယောနသံဒေသ ပြည်သူများ၏ ၉၁ ရာခိုင်နှုန်းက လက်ရှိအစိုးရ ကို ထောက်ခံကြောင်း ဖြေကြားပြီး ၉ ရာခိုင်နှုန်းကမူ မထောက်ခံဟု ဖြေကြားသည်။
ယခင် နှစ်ကြိမ်ကောက်ယူဖူးခြင်းထက် ယခုတစ်ကြိမ်တွင် ထောက်ခံမှု အများဆုံး ရကြောင်း တွေ့ရခြင်း ဖြစ်ပြီး ယောနသံဒေသအစိုးရ သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အာဏာပိုင်အဖွဲ့အစည်းများ အနက် လူထုထောက်ခံမှုအများဆုံးရသော အာဏာပိုင်အဖွဲ့အစည်းလည်း ဖြစ်လာခဲ့သည်။
ထောက်ခံသည် ဆိုသူများ က ယောနသံဒေသအတွက် လက်ရှိအစိုးရ အုပ်ချုပ်သည့် ပုံစံမှာ ကောင်းမွန်ပြီး လူမှုဘဝများ၊ စီးပွားရေးများ မြင့်တက်သည့်အပြင် လုံခြုံမှုကို ခံစားကြရသည်ဟု ဖြေကြားသည်။
မထောက်ခံဟု ဆိုသူများက ယောနသံဒေသ အစိုးရ သည် တိုက်ပွဲကို အာရုံစိုက်နေသည်ဟု ဆိုထားပြီး နိုင်ငံရေး အမြင် မမြင်ရှင်းဟု ဖြေဆိုထားသည်။
Ref: BA News