ဧရာဟံသာ စစ်တပ် ၏ ကျူးကျော်မှုကို အချိန်တိုအတွင်း တုံ့ပြန် တိုက်ခိုက်ခဲ့
တိုက်ပွဲစတင်ခြင်း
နံနက်ပိုင်း ၆ နာရီခွဲ အချိန်တွင် NDA ၏ စီပွိုင့် စစ်စခန်း နှင့် တောင်မြေ စစ်စခန်းတို့ကို သာလွန်အင်အားဖြင့် အလစ်ငိုက် စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ စခန်းနှစ်ခုကလည်း အရေးပေါ်အခြေအနေ အချက်ပေးကာ ရုတ်တရက် ခံစစ်ပြင်ကာ ပြန်လည် တိုက်ခိုက်ခဲ့သည်။
တုံ့ပြန်မှု
ရုတ်တရက် တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်များ ထိခိုက်မှုများခဲ့သော်လည်း စခန်းမကျရေး၊ နယ်မြေ မဆုံးရှုံးရေး ကြံ့ကြံ့ခံ တိုက်ခိုက်ခဲ့သည်။ ရန်သူသည် စခန်းနှစ်ခုစလုံးကို ဝိုင်းပတ်ကာ တပ်ကူကို ဖြတ်တောက်ခဲ့သည်။
ထို့ကြောင့် တောင်မြေစခန်းတွင် စခန်းမှူး ကျဆုံးကာ တပ်ကူများနှင့် ပေါင်းရန် ဆုတ်ခွာခဲ့ရပြီး တောင်မြေစခန်းကို ရန်သူများ အခိုက်အတန့် သိမ်းပိုက် ရရှိခဲ့သည်။
သို့သော် စစ်ကူ သည် စစ်ကြောင်း နှစ်ကြောင်းခွဲကာ ဖောက်ဝင်ခဲ့ရာ နံနက်ပိုင်း ၈ နာရီတွင် စီပွိုင့် စခန်းသို့ လည်းကောင်း၊ နံနက် ၉ နာရီတွင် တောင်မြေ စစ်စခန်းသို့ လည်းကောင်း ရောက်ရှိ ပူးပေါင်း၊ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် တိုက်ပွဲ ဆက်လက် ပြင်းထန်ခဲ့သည်။
လက်နက်ကြီး ပစ်ကူများ ဖြင့် ဖြိုခွင်းတိုက်ခိုက်ခြင်း၊ တပ်ကူများ အင်အားဖြည့်ခြင်း၊ ရန်သူကို မဟာဗျူဟာမြောက် တိုက်ခိုက်ခြင်းများကို အချိန်နှင့် တပြေးညီ တန်ပြန် တိုက်ခိုက်ရာ NDA တပ်ဖွဲ့များသည် အချိန်တိုအတွင်း နယ်မြေကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့ကာဧရာဟံသာတပ် အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ထောက်လှမ်းရေး သတင်းများ အရ ဧရာဟံသာစစ်တပ်သည် တပ်ပေါင်းစုများ စုဖွဲ့ကာ ယောနသံဒေသ နယ်စပ်ကို ဝင်ရောက်တိုက်ခိုက်ရန် စီစဉ်ခဲ့ကြောင်း သိရသောကြောင့် ကြိုတင်ပြင်ဆင်နိုင်ခဲ့သည်။ ဧရာဟံသာ စစ်တပ်သည် နယ်စပ်ရှိ စခန်းကြီး များကို ရှောင်ကွင်းကာ စခန်းငယ်နှစ်ခုကို ထိုးစစ်ဆင်ခဲ့ကြောင်း တွေ့ရပြီး ထိုမှ တဆင့် အင်အားစုများ ဖြည့်သွင်း ဖြန့်ခွဲကာ ရာဇဋ္ဌာနီဒေသခွဲ နှင့် ရန်အောင်မြင် ဒေသခွဲကို ထိန်းချုပ်ရန် စီစဥ်ခဲ့ကြောင်း သုံးသပ် တွေ့ရှိရသည်။
ထို့အပြင် ယောနသံမြို့သို့ ချဥ်းကပ် တိုက်ကွက်ဖော်ဖွယ်ရှိကြောင်းလည်း သုံးသပ်ရပြီး ယခု စစ်ဆင်ရေး အောင်မြင်ပါက အခြား စစ်ကြောင်းကြီးဖြင့် ယောနသံဒေသ၏ ခါးလယ်မှ ဖြတ်တောက်တိုက်ခိုက်ရန် စီစဥ်ခဲ့ကြောင်းလည်း တွေ့ရသည်။
တိုက်ပွဲ စတင်ပြီးနောက် စခန်းအသီးသီးတွင် အသင့်အနေအထား တပ်လှန့်ခဲ့ကာ အမြန်ဆုံး စစ်ပွဲ အတွက် ပြင်ဆင်ထားခဲ့သည်။ အမှတ် ၆ တပ်မဟာအနေဖြင့် တပ်ရင်းများကို စုဖွဲ့ကာ လက်သီးသဖွယ် ထိုးနှက်တိုက်ခိုက်ခဲ့ပြီး အမှတ် ၃ တပ်မဟာကလည်း အရန် တပ်ရင်းများကို ပြင်ဆင်ထားခဲ့သည်။
ယခု ကျူးကျော်တိုက်ခိုက်မှုအတွက် ယောနသံဒေသအစိုးရ က တာဝန်ရှိသူများထံ တင်ပြထားကာ အချိန်မရွေး လက်တုံ့ပြန်အတွက်လည်း အမျိုးသားကာကွယ်ရေး တပ်မတော် (NDA) က အသင့် ရှိနေသည်။
"ရဲဘော် ရဲသော် အားလုံး ရမည်"