ယောနသံ ဒေသအကြီးအကဲ နှင့် CNN သတင်းဌာန အင်တာဗျူး
ယောနသံဒေသအကြီးအကဲ ပထမ မိုးနတ်မင်းသား သည် CNN သတင်းဌာန နှင့် အင်တာဗျူး ပြုလုပ်ခဲ့ရာ ယောနသံဒေသ၏ စစ်ရေး၊ နိုင်ငံရေး၊ ကာကွယ်ရေး ဆိုင်ရာမူဝါဒများ၊ ရပ်တည်ချက်များကို ယခုကဲ့သို့ ဖြေကြားခဲ့ပါသည်။
မေး - မင်းသား ခင်ဗျာ။ ဒီအင်တာဗျူးကို သဘောတူတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ယောနသံဒေသ ဟာ မြန်မာနိုင်ငံအတွင်း ထူးခြားတဲ့ အုပ်ချုပ်မှုပုံစံနဲ့ နိုင်ငံရေးကိုယ်ပိုင်အုပ်ချုပ်ခွင့်ကြောင့် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ဗဟိုအစိုးရနဲ့ ဆက်ဆံရေးကို အသေးစိတ်ဖော်ပြနိုင်မလား။
ဖြေ - ယောနသံ ဟာ မြန်မာနိုင်ငံရဲ့ အစိတ်ပိုင်း အဖြစ် မိမိကိုယ်ကိုယ်အားကိုးမှုနဲ့အတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လမ်းကြောင်းကို လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ ဗဟိုအစိုးရနဲ့ ကျွန်တော်တို့ဆက်ဆံရေးဟာ ကောင်းမွန်ပြီး ပြည်ထောင်စု စိတ်ဓာတ်နဲ့ အပြန်အလှန် ထိန်းညှိပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ခအခိုင်အမာရရှိထားသလို ဒီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟာ ပြည်ထောင်စုတစ်ခုလုံးအတွက် အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုဖြစ်ကြောင်းလည်း ဆက်လက်အာမခံပါတယ်။
မေး - "မိမိကိုယ်ကိုအားကိုးမှုလို့ပြောတဲ့အခါ အထူးသဖြင့် NDA (National Defense Army) ရဲ့ ကာကွယ်ရေးမူဝါဒတွေကို ပြောကြားပေးပါလား။ ဒါက မြန်မာနိုင်ငံတွင်းမှာ ဗဟိုအစိုးရ နဲ့ အဆင်ပြေပါ့စေမလား။
ဖြေ - "ကျွန်တော်တို့အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) ဟာ ယောနသံဒေသတွင်း တည်ငြိမ်မှုကိုသေချာစေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ဒေသနဲ့ ပြည်သူကိုကာကွယ်ပေးမယ့် ခိုင်မာတဲ့လုံခြုံရေးမူဘောင်တစ်ခုကို ချမှတ်ထားပါတယ်။ NDA ဟာ မိမိကိုယ်ကို ကာကွယ်ရေး အကာအကွယ်သက်သက်ဖြစ်သည်ကိုသတိပြုမိဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ ရန်မလိုပါဘူး။ ရန်လိုဖို့ ရည်ရွယ်ချက်လည်း မရှိသလို အိမ်နီးချင်းဒေသတွေ၊ တခြားကမ္ဘာ့နိုင်ငံတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ ဝန်မလေးပါဘူး။ တခုပါပဲ။ ကျွန်တော်တို့ မြေကို ထိရင်တော့ ကျွန်တော်တို့ ငြိမ်မခံပါဘူး။
မေး - NDA က ဒေသတွင်းတည်ငြိမ်ရေးကို ဘယ်လို အထောက်အကူ ပြုမှာပါလဲ။
ဖြေ - NDA ဟာ ဒေသလုံခြုံရေးအတွက် အုတ်မြစ်ပါပဲ။ နယ်နိမိတ်လုံခြုံရေးကို အာမခံပြီး ဒေသကို ပြည်တွင်း သို့မဟုတ် ပြည်ပခြိမ်းခြောက်မှုမှ ကာကွယ်ပေးတဲ့ လေ့ကျင့်ပြီး စည်းကမ်းရှိတဲ့ စစ်အင်အားဖြစ်ပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့နဲ့ ဘာ်လို စိန်ခေါ်မှု အတွက်မဆို ပြင်ဆင်ဖို့လည်း နိုင်ငံတကာမိတ်ဖက်တွေနဲ့ နီးကပ်စွာလုပ်ဆောင်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စု တပ်မတော်ဝင် တပ်ဖွဲ့တစ်ခုအဖြစ်လည်း ပြည်ထောင်စု တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
မေး - ယောနသံ ဒေသကကိုယ်ပိုင်အုပ်ချုပ်ခွင့်ဘောင်ထဲကနေ ဒေသ နိုင်ငံရေးတည်ငြိမ်မှုကို ဘယ်လို ထိန်းကျောင်းပါသလဲ။
ဖြေ - ကျွန်ုပ်တို့ဟာ ဗဟိုစုပေါင်းစနစ်အရ အုပ်ချုပ်ရေး အစိုးရ အဖွဲ့နဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေအကြား၊ ရွေးကောက်ခံအရာရှိတွေကြား အာဏာကို ခွဲဝေပေးတဲ့ ခိုင်မာတဲ အုပ်ချုပ်မှုပုံစံကို ထူထောင်ထားပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ ဗဟို မူဘောင်ကို လိုက်နာရင်း ဒေသတွင်း ရေးရာမှာ နိုင်ငံရေး တည်ငြိမ်မှုကို ထိန်းသိမ်းထားပါတယ်။
မေး - ယောနသံကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက စိတ်ဝင်စားမှု များပြားလာခဲ့ပါတယ်။ ဘယ်လို စီမံကိန်းတွေ ရှိနေပါသလဲ။
ဖြေ - တကယ်တော့ ယောနသံရဲ့ စီးပွားရေးက အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်။ ပြည်တွင်းရော နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဥပမာအားဖြင့် အမေရိကန်အကူအညီနဲ့ ရန်အောင်မြင့်ဒေသခွဲမှာရှိတဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းအသစ်က ကျွန်တော်တို့ရဲ့ ကုန်သွယ်မှုစွမ်းရည်ကို မြှင့်တင်ပေးမှာပါ။ ဒါ့အပြင် လယ်ယာစိုက်ပျိုးရေး၊ နည်းပညာနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဦးစားပေးဆောင်ရွက်နေပြီး ပြည်သူတွေအတွက် အခွင့်အလမ်းတွေ ပိုမိုရရှိစေမှာပါ။
မေး - ဒေသရဲ့ စီးပွားရေးကို မောင်းနှင်တဲ့ အဓိကမူဝါဒများတွေကို သိပါရစေ။
ဖြေ - စီးပွားရေးမူဝါဒများတွေကတော့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးပေးတာ၊ အခြေခံအဆောက်အဦတွေမှာ ရင်းနှီးမြှုပ်နှံတာနဲ့ လယ်ယာထွက်ကုန်တွေ မြှင့်တင်ပေးတာတို့ကို အဓိကထားဆောင်ရွက်ပါတယ်။ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကနေ ပြည်တွင်းစီးပွားရေးတွေ အကျိုးရှိစေရေး အာမခံချက်ပေးရင်းနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုလည်း မြှင့်တင်ပါတယ်။
မေး - ယောနသံမှာ ရဲ့ နိုင်ငံခြားရေး မူဝါဒကို သိပါရစေ။ တချို့ အလေ့လာသူတွေက ဒေသတွင်းမီာ နိုင်ငံရပ်ခြား သြဇာ တိုးပွားလာနေတယ်လို့ ပြောနေကြပါတယ်။
ဖြေ - ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ကြားနေရေးနဲ့ ငြိမ်းချမ်းစွာ ထိတွေ့ဆက်ဆံမှုကို ဗဟိုပြုပါတယ်။ နှစ်ဖက် အကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာတဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုပါတယ်။ အိမ်နီးချင်းဒေသတွေ၊ နိုင်ငံတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိပါတယ်။ ဒါပေမယ့် သေချာအောင် ဒီဆက်ဆံရေးကို ဟန်ချက်ညီအောင်လုပ်ဖို့ သတိထားနေပါတယ်။ ယောနသံဟာဘက်က ပြည်တွင်းရေးဆိုင်ရာကိစ္စရပ်တွေ
အပေါ် နိုင်ငံခြား သြဇာလွှမ်းမိုးမှုမရှိဘဲ တွေ့ဆုံဆွေးနွေးရေးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လမ်းဖွင့်ထားသလို တဖက်မှာ ကျွန်တော်တို့ ပြည်သူတွေ သက်သာချောင်ချိရေး၊ ဗဟိုအစိုးရ က အာဏာဖြန့်ခွဲပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ပီပြင်အောင်လည်း အမြဲတမ်းဦးစားပေးဆောင်ရွက်သွားမှာပါ။
မေး - ယောနသံမှာ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေရှိနေပါတယ်။ အထူးသဖြင့် နိုင်ငံရေးပါတီတစ်ခုကပဲ တရားဝင်အသိအမှတ်ပြုခံရတာပါ။ ဒါက ဒီမိုကရေစီလုပ်ငန်းစဉ်ကို ကန့်သတ်တာပဲလို့ ဝေဖန်တဲ့အပေါ် ဘာပြောချင်ပါသလဲ။
ဖြေ - ကျွန်တော်တို့ အုပ်ချုပ်မှုစနစ်က ကျွန်တော်တို့ ဒေသရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုနဲ့ သမိုင်း အပေါ် နက်ရှိုင်းစွာ အမြစ်တွယ်ထားတာပါ။ ယောနသံတိုးတက်ရေးအဖွဲ့ဟာ ပြည်သူ့ ဆန္ဒကို ကိုယ်စားပြုတယ်လို့ ယုံပါတယ်။ အမြဲတမ်းလည်း ပြည်သူနဲ့အတူ ရှိနေဖို့၊ ပြည်သူ့ဆန္ဒကို နားထောင်ဖို့ မူဝါဒတွေ၊ စနစ်တွေ ဖန်တီးနေတာပါ။ တခြားနိုင်ငံရေးအဖွဲ့အစည်းတွေဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အလေးထားကြောင်း သက်သေ မပြနိုင်သလို သင့်လျော်တဲ့ အုပ်ချုပ်၊ စီမံမှုလည်း ရှိမနေပါဘူး။ ကျွန်တော်တို့ ဦးစားပေးတာက တည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှုနဲ့ ဒေသ ဆက်လက်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားဖို့ ဖြစ်ပါတယ်။
မေး - ဒေသတွင်း ဥပဒေပြုရေး လုပ်ငန်းစဉ် ကို သိပါရစေ။
ဖြေ - ဥပဒေပြုရေးလုပ်ငန်းစဉ်ကတော့ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေပါတဲ့ လွှတ်တော် ဖြစ်တဲ့ ပြည်သူ့အတိုင်ပင်ခံကောင်စီမှာ ဥပဒေကြမ်းတစ်ခုကို အဆိုပြု၊ အခြေအတင်ဆွေးနွေးတဲ့ ဒီမိုကရေစီအခြေခံမူတွေအပေါ် အခြေခံထားပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ လုံခြုံရေး အားလုံးပါပဲ။ ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ ဆန္ဒတွေကို ထင်ဟပ်စေမယ့် ဥပဒေတွေ ဖန်တီးဖို့ကိုလည်း အာရုံစိုက်ထားပါတယ်။
မေး - ဒေသတွင်း ရေရှည်ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့ ဘာတွေလုပ်ပါသလဲ။
ဖြေ - မတူညီတဲ့ လူမျိုးစုတွေနဲ့ တွေ့ဆုံဆွေးနွေးမှု၊ ပဋိပက္ခဖြေရှင်းရေး အစီအစဉ်တွေ၊ စစ်မဲ့ဇုန် ထူထောင်ရေး အပါအဝင် ငြိမ်းချမ်းရေး တည်ဆောက်မှု ခြေလှမ်းတွေကို အရင်တည်းက စခဲ့တာပါ။ ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားလုံးရဲ့ အသံတွေကို ကြားနိုင်စေဖို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ဆောင်ရွက်နေပါတယ်။
မေး - မြန်မာနိုင်ငံအတွင်း အိမ်နီးချင်း တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တွေနဲ့ ပဋိပက္ခတွေကို ဘယ်လို ဖြေရှင်းပါသလဲ။
ဖြေ - ငြိမ်းချမ်းတဲ့ ဆွေးနွေးညှိနှိုင်းမှုကို ဦးစားပေးပါတယ်။ အငြင်းပွားမှုတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်း ကနဦးမှာ ဒေသတွင်း ဆွေးနွေးမှု ပလက်ဖောင်းတွေကတဆင့် လုပ်ဆောင်ပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက်ကတော့ မြန်မာပြည်သူပြည်သားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ရင်း စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းဖို့ပါ။
မေး - ဒေသရဲ့တရားစီရင်ရေးစနစ်အကြောင်း သိပါရစေ။
ဖြေ - ကျွန်တော်တို့တရားစီရင်ရေးစနစ်ဟာ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု ရှိစေဖို့ စီမံထားပါတယ်။ ကျွန်တော်တို့မှာ အရပ်ဘက်နဲ့ ရာဇ၀တ်မှုတွေကို ကိုင်တွယ်တဲ့ ဒေသဆိုင်ရာတရားရုံးတွေရှိပါတယ်။ ဥပဒေနှင့်အညီ တရားမျှတမှုရှိစေဖို့ အတွက် အမျိုးသားတရားစီရင်ရေးဌာနနဲ့လည်း နီးကပ်စွာ လုပ်ဆောင်ပါတယ်။ပြည်သူ အားလုံးအတွက် တရားဥပဒေဆိုင်ရာ ဝန်ဆောင်မှုမျပိုမိုကောင်းမွန်လာစေဖို့ အာရုံစိုက်နေပါတယ်။
မေး - ဒေသအတွင်း လူ့အခွင့်အရေးကို ဘယ်လို ကာကွယ်ထားပါသလဲ။
ဖြေ - လူ့အခွင့်အရေးဟာ ကျွန်တော်တို့
မူဝါဒတွေရဲ့ အဓိကပါ။ လူနည်းစုတွေ အပါအဝင် လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးမယ့် ဥပဒေတွေကို ပြဋ္ဌာန်းထားပါတယ်။ ကမ္ဘာလုံးဆိုင်ရာစံနှုန်းတွေနဲ့အညီ လိုက်နာမှုရှိစေရေးနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ချိုးဖောက်မှုတွေကို လျင်မြန်စွာဖြေရှင်းဖို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေပါတယ်ယေ
မေး - ဒေသတွင်းနဲ့ ပြင်ပက တခြားနိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေးကို ဘယ်လိုစီမံခန့်ခွဲနေပါသလဲ
ဖြေ - ဒေသဟာ အသာစီးရနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုအောက် လည်ပတ်နေပေမယ့် မြန်မာနိုင်ငံတစ်ဝှမ်းက တခြားပါတီတွေနဲ့ နိုင်ငံရေးအုပ်စုတွေနဲ့ ပွင့်လင်းတဲ့ ဆက်သွယ်ရေးရှိပါတယ်။ကျွန်တော်တို့၏ ရည်မှန်းချက်ကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နိုင်ငံတော်လုံခြုံရေးလို အရေးပါတဲ့ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ပါ။
မေး - ဖက်ဒရယ်စနစ်နဲ့ မြန်မာနိုင်ငံအတွင်း အမျိုးသားစည်းလုံးညီညွတ်ရေးဆိုင်ရာ ရပ်တည်ချက်ကို သိပါရစေ။
ဖြေ - ယောနသံလို ဒေသတွေကို နိုင်ငံတစ်နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို အထောက်အကူပြုစေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကျင့်သုံးခွင့်ပြုတဲ့ ဖက်ဒရယ်ပြည်ထောင်စု၏ အယူအဆကို အပြည့်အဝ ထောက်ခံပါတယ်။ ကျွန်တော်တို့အမြင်အရ ဖက်ဒရယ်စနစ်ဟာ ဒေသတစ်ခုစီရဲ့ ထူးခြားမှုတွေကို အသိအမှတ်ပြု လေးစားသလို အမျိုးသားညီညွတ်ရေးကို ခိုင်ခံ့စေပါတယ်။