ယောနသံ ဒေသသည် Democratic Monarchy စနစ်ကို ကျင့်သုံးပြီး လူတန်းစား လွတ်လပ်ရေး ကို ကာကွယ်ပါသည်။

Search This Blog

တပ်မတော် မှ ပေးအပ်သော ဂုဏ်ထူးဆောင် ဗိုလ်ချုပ်ရာထူးကို ယောနသံဒေသ ကြီးအကဲ လက်ခံရယူ၊ တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်

နိုင်ငံတော်သမ္မတကြီး၏ အမိန့်ဖြင့်တပ်မတော် မှ ပေးအပ်သော ဂုဏ်ထူးဆောင် ဗိုလ်ချုပ်ရာထူးကို ယောနသံဒေသ ကြီးအကဲ ပထမ မိုးနတ်မင်းသား က စက်တင်ဘာလ ၈ ရက်တွင် နေပြည်တော်၌ လက်ခံရယူခဲ့သည်။

ရာထူးတံဆိပ်ကို နိုင်ငံတော်သမ္မတကြီးက တပ်ဆင်ပေးခဲ့ခြင်း ဖြစ်ကာ ရာထူးလက်ခံပြီးနောက် ဗိုလ်ချုပ်မိုးနတ်က မိန့်ခွန်းပြောကြားခဲ့သည်။

မိမိတို့သည် တစ်လှေတည်းစီးတစ်ခရီးတည်းသွား ပြည်ထောင်စုသားများ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ရာထူးလက်ခံရရှိခြင်းမှာ ပြည်ထောင်စု ကို သစ္စာစောင့်သိခြင်းအတွက် ချီးမြှင့်ခံရခြင်း ဖြစ်သောကြောင့် ဝမ်းမြောက်ပါကြောင်း၊ မိမိနှင့်အတူ ဒေသအကြီးအကဲတချို့လည်း ယခုကဲ့သို့ ချီးမြှင့်ခံရသည့် အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်းပြောကြားလိုပြီး ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းရေးအတွက် အရှိန်အဟုန်မပျက် ဆက်လက်ပံ့ပိုးသွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ် မိုးနတ်က မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။

ယခု ပေးအပ်သော ရာထူးအဆင့်အတန်းမှာ ဂုဏ်ထူးဆောင်ဖြစ်သော်လည်း နိုင်ငံတော်သမ္မတ၏ မှတ်ချက်ပေး လက်မှတ်ရေးထိုးထားချက်အရ လိုအပ်ပါက တပ်မတော် အတွင်း အဆင့်တူ အရာရှိကြီးအဖြစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဗိုလ်ချုပ် မိုးနတ်သည် နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့လည်း တက်ရောက်ခဲ့သည်။ 

တပ်မတော် မှ ပေးအပ်သော ဂုဏ်ထူးဆောင် ဗိုလ်ချုပ်ရာထူးကို ယောနသံဒေသ ကြီးအကဲ လက်ခံရယူ၊ တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက် တပ်မတော် မှ ပေးအပ်သော ဂုဏ်ထူးဆောင် ဗိုလ်ချုပ်ရာထူးကို ယောနသံဒေသ ကြီးအကဲ လက်ခံရယူ၊ တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက် Reviewed by Yaw Na Than Gov on May 05, 2024 Rating: 5

No comments:

Powered by Blogger.