အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံဒေသ၏ တရားဝင်ထုတ်ပြန်ချက်

ယောနသံဒေသ အတွင်းနေထိုင်သူ အားလုံးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအားလုံး သို့

ယောနသံဒေသနှင့် ဧရာဟံသာဒေသအကြား ရှိခဲ့သည့် တင်းမာမှုများကို ကုစားရန်အတွက် ညှိနှိုင်းပွဲများကို ကျွန်ုပ်တို့ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ သို့သော် ဧရာဟံသာဒေသမှ ချိန်းခြောက်မှုများနှင့် တိုက်ခိုက်မှုများသည် ဆက်တိုက် ဖြစ်ပွားလာပြီး ယောနသံဒေသ၏ ပြည်သူများ၏ ဘေးကင်းရေးနှင့် လုံခြုံရေးကို အပြင်းအထန် ထိခိုက်စေသည်။

ဤအခြေအနေများကြောင့် ယောနသံဒေသအနေဖြင့်လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် သက်ဆိုင်ရာ အရေးယူမှုများ ပြုလုပ်ရန် လိုအပ်လာပြီ ဖြစ်သည်။ ထိုကြောင့် ယောနသံဒေသအနေဖြင့် ဧရာဟံသာဒေသကို တရားဝင်စစ်ကြေငြာသည်။

ယောနသံဒေသ၏ အမျိုးသားကာကွယ်ရေးတပ်မတော်မှ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် နှင့် ယောနသံဒေသ၏ နယ်စပ်များကို ကာကွယ်ရန် အတွက် သက်ဆိုင်ရာ စစ်ဆင်ရေးများကို စတင် ဆောင်ရွက်သွားမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤလှုပ်ရှားမှုများတွင် နိုင်ငံတကာ ဥပဒေနှင့် စစ်ပွဲဥပဒေများကို လေးစားစွာ လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပြည်သူများအား ယုံကြည်စွာ ပြောကြားလိုသည်မှာ ယောနသံဒေသအစိုးရအနေနှင့် အမြဲတမ်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မျှော်မှန်းနေသော အစိုးရအဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ဧရာဟံသာဒေသက ဖန်တီးသော အခြေအနေများကြောင့် ယောနသံဒေသ၏ အကျိုးစီးပွားများကို ထိရောက်စွာ ကာကွယ်ရန် ကြေငြာရခြင်း ဖြစ်သည်။

ပထမ မိုးနတ်မင်းသား
ယောနသံဒေသအကြီးအကဲ

စာမူမှတ်တမ်း