ယောနသံ ဒေသသည် Democratic Monarchy စနစ်ကို ကျင့်သုံးပြီး လူတန်းစား လွတ်လပ်ရေး ကို ကာကွယ်ပါသည်။

Search This Blog

အမျိုးသားကာကွယ်ရေးတပ်မတော်နှင့် မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များကြား ဖြစ်ပွားသော တိုက်ပွဲအခြေအနေ ဆိုင်ရာ ထုတ်ပြန်ချက်

 မကွေးတိုင်းဒေသကြီးတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော အမျိုးသားကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်များနှင့် စစ်ဆင်ရေးဆောင်ရွက်နေသော မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။

အမျိုးသားကာကွယ်ရေးတပ်မတော်၏ လုပ်ဆောင်ချက်များသည် အလယ်ပိုင်းဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေးနှင့် အကူအညီပေးရေး လုပ်ငန်းများကို ဆောင်ရွက်ရန် ဖြစ်ပါသည်။ 

သို့သော် မတော်တဆ မှားယွင်းပစ်ခတ်မှုတခုမှစတင်ကာ မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်များနှင့် ထိတွေ့မှုဖြစ်ပွားကာ တိုက်ပွဲငယ်အထိ ဆက်လက်ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်အခြေအနေများ

ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ရောက်ရှိမှု

ယောနသံဒေသမှ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ လှပဒါးရွာ၌ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် ယူနီဖောင်းအပြည့်အစုံဖြင့် ရောက်ရှိခဲ့ပါသည်။

တိုက်ပွဲဖြစ်ပွားနှင့် အကြောင်းအရာ

ထိုသို့ ရောက်ရှိပြီး အရပ်သားများကို ဘေးလွတ်ရာသို့ ကယ်ထုတ်ရန် အမျိုးသားကာကွယ်ရေးတ​ပ်မတော်မှ တာဝန်ခံ  ဗိုလ်ကြီး တစ်ဦးနှင့် တပ်ဖွဲ့ဝင်များက ဆောင်ရွက်နေစဥ် ရွာအတွင်းသို့ တပ်မတော် စစ်ကြောင်း ဝင်ရောက်လာခဲ့သည်။

ထို့ကြောင့် တာဝန်ခံဗိုလ်ကြီးက တပ်မတော် စစ်ကြောင်းမှူးထံ သွားစဥ် တပ်မတော်ဘက်က စတင်ပစ်ခတ်ရာ မိမိတို့ ဘက်ကလည်း ပြန်လည်ပစ်ခတ်ရာမှ တဆင့် တိုက်ပွဲငယ်ဖြစ်ပွားခဲ့သည်။

ထုတ်ပြန်ချက်


ယောနသံဒေသ ၏ အမျိုးသားကာကွယ်ရေးတပ်မတော်သည် လူသားချင်း စာနာမှုအကူအညီပေးခြင်းကို နိုင်ငံတော်အစိုးရထံမှ  ခွင့်ပြုထားသည့်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့သော ဖြစ်စဉ်များ ထပ်မံဖြစ်ပွားမှုကို ကာကွယ်ရန် တန်ဖိုးရှိသော နည်းလမ်းများကို အသုံးပြုဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ယောနသံဒေသ အမျိုးသားကာကွယ်ရေးတပ်မတော်

အမျိုးသားကာကွယ်ရေးတပ်မတော်နှင့် မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များကြား ဖြစ်ပွားသော တိုက်ပွဲအခြေအနေ ဆိုင်ရာ ထုတ်ပြန်ချက် အမျိုးသားကာကွယ်ရေးတပ်မတော်နှင့် မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များကြား ဖြစ်ပွားသော တိုက်ပွဲအခြေအနေ ဆိုင်ရာ ထုတ်ပြန်ချက် Reviewed by Yaw Na Than Gov on May 23, 2024 Rating: 5

No comments:

Powered by Blogger.