အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ပထမ မိုးနတ်မင်းသား ၏ အိမ်တော်ဝင် နန်းစံနှစ် နှစ်ပတ်လည် ညီလာခံသဘင် တွင် ပြောကြားသော မိန့်ခွန်း ကောက်နှုတ်ချက်

ကျွန်တော်တို့ ဒေသဟာ ကြီးမြတ်တဲ့ အောင်မြင်မှုတွေနဲ့အတူ များပြားတဲ့ စိန်ခေါ်မှုတွေကို ဖြတ်သန်းနေပါတယ်။ ယောနသံပြည်သူများတွေရဲ့ မျှော်လင့်ချက်နဲ့ ဆန္ဒတွေကို ထိထိရောက်ရောက်ဖြည့်ဆည်းဖို့ ကျွန်တော်တို့အစိုးရဟာ အစွမ်းကုန်ကြိုးစားနေကြောင်း အသိပေးလိုပါတယ်။

တချို့က ကျွန်တော်တို့ကို စစ်အစိုးရ၊ အာဏာရှင်အစိုးရလို့ ပြောပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ဟန်ချက်ညီအုပ်ချုပ်ရေးစနစ်နဲ့ သွားနေတာဖြစ်ပါတယ်။ အစိုးရရဲ့ ခေါင်းဆောင်မှုနှင့် နိုင်ငံရေးအုပ်ချုပ်မှုဟဟာ ဒေသအတွက် တည်ငြိမ်မှုနှင့် တရားမျှတမှုတို့ကို အခြေခံထားပါတယ်။

တဆက်တည်းအသိပေးလိုတာက  ယောနသံဒေသဟာ အမျိုးသားကာကွယ်ရေးစနစ်ကို အထောက်အကူဖြစ်စေရာ နည်းပညာနဲ့ စွမ်းရည်မြှင့်တင်မှုတွေကို အားဖြည့်နေပါတယ်။ တချိန်တည်းမှာ အမျိုးသားကာကွယ်ရေး တပ်မတော်ရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကိုလည်း ဂုဏ်ယူကြောင်း ပြောပါရစေ။

ကျွန်တော်တို့ ဆက်လက်ဆုပ်ကိုင်ထားတဲ့ စီးပွားရေး မူက ရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်နေသလိုစီးပွားရေးနဲ့ စက်မှုလယ်ယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တခြား ရင်းနှီးမြှုပ်နှံမှုမရှိဘဲ ဒေသက အင်အားကို အသုံးချ ဆောင်ရွက်ဖို့ပါပဲ။ အစိုးရကလည်း ချေးငွေပေးတာနဲ့ ကူညီပံ့ပိုးတာ ဆက်လုပ်နေပါတယ်။

စာမူမှတ်တမ်း