အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

အုန်းကျွန်း ဒေသခွဲ အစိုးရအဖွဲ့ အရာရှိချုပ် အဖြစ် ဒေါ်ဧကရီမင်း ရွေးချယ်ခံရ

အုန်းကျွန်း ဒေသခွဲ အစိုးရအဖွဲ့ အရာရှိချုပ် အဖြစ် ယခင်က အုန်းကျွန်းတိုးတက်ရေး အတွက် ဆောင်ရွက်သူ ဒေါ်ဧကရီမင်း ရွေးချယ်ခံရကြောင်း သိရသည်။

ဒေါ်ဧကရီမင်း သည် အရာရှိချုပ်နေရာအတွက်ယှဥ်ပြိုင်ဘက် ဖြစ်သော ယောနသံ တိုးတက်ရေးအဖွဲ့ (အုန်းကျွန်း) ဥက္ကဌ ဦးသိဒ္ဓိ နှင့်  ဦးရန်လင်းတို့ကို မဲအပြတ်အသတ်ဖြင့် အနိုင်ရသွားခဲ့ခြင်း ဖြစ်ကာ ယောနသံဒေသ သမိုင်းတလျှောက်တွင်လည်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးက အုပ်ချုပ်ရေး ရာထူး အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ယောနသံဒေသ အကြီးအကဲ ပထမ မိုးနတ်မင်းသားက ဒေါ်ဧကရီမင်း ထံ အရာရှိချုပ် ခန့်အပ်လွှာကို ပေးအပ်ခဲ့ပြီး သမိုင်းတွင်သည့် ဆောင်ရွက်မှုအတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ 

စာမူမှတ်တမ်း