မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ဗဟိုအစိုးရ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ယောနသံဒေသနှင့် ဧရာဟံသာဒေသတို့ စစ်ပြေငြိမ်းလက်မှတ်ရေးထိုးရန် သဘောတူညီလိုက်ပါသည်။
၁. စစ်ပြေငြိမ်းသဘောတူညီချက်
- ယောနသံဒေသနှင့် ဧရာဟံသာဒေသတို့သည် တစ်ဦးနှင့်တစ်ဦး စစ်ရေးဆိုင်ရာအရေးယူမှုများကို ဆက်လက်ပြုလုပ်တော့မည် မဟုတ်။
- စစ်အေးနှင့် စစ်ပြေငြိမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်မည်။
- သီရိဟံသာ ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခွဲ တစ်ခု အဖြစ် ဧရာဟံသာ ဒေသ က အခိုက်အတန့်အားဖြင့် လက်ခံမည် ဖြစ်ပြီး သီးခြားဒေသ တစ်ခု အဖြစ် ယောနသံ ဒေသ က အသိအမှတ်ပြုသည်။
- အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကို အထူးကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ပြီး ပြည်ထောင်စု ဗဟိုအစိုးရ ခန့်အပ်သော ကိုယ်စားလှယ်တစ်ဦးက လုပ်ငန်းစဥ်တိုးတက်စေရန် အကြံပြု ပါဝင်ဆောင်ရွက်ပေးမည်။
၂. စစ်သုံ့ပန်းလဲလှယ်မှု
- စစ်သုံ့ပန်းများကို အပြန်အလှန် ပြန်လည်လဲလှယ်ပေးမည်။
၃. မိမိဒေသနှင့်ပြည်သူများအတွက် သတင်းစကား
- ယောနသံဒေသနှင့် ဧရာဟံသာဒေသတို့၏ ပြည်သူများအနေဖြင့် ယခုသဘောတူညီချက်ကို သဘောကျကြိုဆိုကြမည်ဟု ယုံကြည်ပါသည်။ ဒေသများအနေဖြင့် တိုးတက်ကောင်းမွန်သော အနာဂတ်သို့ ရောက်ရှိစေရန်အတွက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ကြရန် ကြိုးပမ်းမည်။
No comments: