လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျာ
ကျွန်တော်တို့ချစ်တဲ့ ယောနသံဒေသနဲ့ အိမ်နီးချင်းဧရာဟံသာဒေသတို့အကြား စစ်ပွဲကာလ နောက်ခံအခင်းအကျင်းကြားမှာ လေးလေးနက်နက် နှုတ်ခွန်းဆက်သအပ်ပါတယ်။
ဒေသရဲ့ ဝန်ကြီးချုပ်အနေနဲ့ ဒီစိန်ခေါ်မှုကာလမှာရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်မှုတွေ ပေးဆောင်ဖို့ နဲ့ ဒေသ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောရေးကို ကာကွယ်ဖို့အတွက် မယိမ်းယိုင်တဲ့ ကတိကဝတ်တွေအားလုံးကို အာမခံချက်ပေးဖို့ ကျွန်တော့်မှာတာဝန်ရှိပါတယ်။
ဧရာဟံသာဒေသရဲ့ ရန်စမှုတွေဟာ ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းကို ခြိမ်း ခြောက်သလို ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အန္တရာယ်ကျရောက်စေပါတယ်။
ရှင်းရှင်းလေးပြောပါရစေ ကျွန်တော်တို့က ကြောက်လန့်တကြား ကုပ်ကုပ်နေမယ့်သူတွေမဟုတ်ပါဘူး။ မဟုတ်ကြောင်းကိုလည်း ကျွန်တော်တို့ရဲ့ ကာကွယ်စစ်အောင်ပွဲတွေက သက်သေပြနေပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဒေသအကြီးအကဲ ပထမ မိုးနတ်မင်းသားရဲ့ ကွပ်ကဲမှု ခေါင်းဆောင်မှုနဲ့ အမျိုးသား ကာကွယ်ရေး တပ်မတော် ဟာ နယ်နိမိတ်ကို ကာကွယ်ဖို့နဲ့ ကျူးကျော်သူတွေနဲ့ သူတို့ရဲ့အောက်ဆွဲနောက်လိုက်တွေကို တိုက်ခိုက်အောင်မြင်နေကြပါပြီ။ကျွန်တော်တို့ရဲ့စစ်သည်တော်တွေဟာ ဒေသရဲ့ ခွန်အားနဲ့ ကြံ့ကြံ့ခံနိုင်မှုရဲ့ သင်္ကေတတွေပါ။ သူတို့ရဲ့ အရည်အချင်းတွေနဲ့ သူတို့ရဲ့ တာဝန်အတွက် မယိမ်းယိုင်တဲ့ စေတနာအပေါ် ယုံကြည်မှု အပြည့်ရှိပါ
တယ်။
တဆက်တည်းမှာပဲ ဒေအသကြီးအကဲရဲ့ တည်ကြည်တဲ့ သန္နိဋ္ဌာန်နဲ့ မယိမ်းယိုင်တဲ့ ကတိကဝတ်တွေဟာကျွန်တော်တို့ ပြည်သူတွေ ဘေးကင်းရေးနှင့် ပြည့်စုံကြွယ်ဝရေးအတွက် ရည်မှန်း မျှော်လင့်ချက်မီးရှူးတန်ဆောင်အဖြစ် ရှိနေပါတယ်။
ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ တခုပြောလိုတာက ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေး အတွက်လည်း တံခါးဖွင့်ထားပါတယ်။ ထာဝရငြိမ်းချမ်းရေးဟာ သေနတ်ပြောင်းဝမှာ မဟုတ်ပဲ သံခင်းတမန်ခင်းနဲ့ တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းမှာလည်းတည်ရှိတာပါ။ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းဆီ သစ္စာရှိရှိ သမာသမတ်ရှိရှိ လာရောက်နိုင်ကြောင်းလည်း အသိပေးလိုပါတယ်။
လိုအပ်နေတဲ့ အချိန်မှာ အချင်းချင်း ပံ့ပိုးကူညီ မြှင့်တင်ပေးတဲ့ အသိုက်အဝန်းတစ်ခုအဖြစ် အတူတကွ ရပ်တည်ရမှာဖြစ်ပြီး သဘောထားကွဲလွဲမှုတွေကို ခဏထားကြပါစို့။
ဒီစစ်ပွဲဟာ ကျွန်တော်တို့ ဒေသကို ပိုမိုအားကောင်းစေပြီး ပိုမိုခံနိုင်ရည်ရှိလာမှာ ဖြစ်ပါတယ်။
No comments: