ရည်ညွှန်းချက်
အုပ်ချုပ်ရေးမှူး - ယောနသံ အစိုးရမှ ခန့်အပ်သောဒေသခွဲ အာဏာပိုင်
အရာရှိချုပ် -ပြည်သူ့ ကောင်စီ - ဒေသခွဲ လွှတ်တော်
ကျွန်းစောင့် ရဲတပ်ဖွဲ့ - ဒေသခွဲ လုံခြုံရေးကို တာဝန်ယူမည့်စစ်ဖက်တပိုင်း ရဲတပ်ဖွဲ့
အုန်းကျွန်း ရွေးကောက်ပွဲ ကော်မရှင် - အရာရှိချုပ် ရွေးချယ်ရေး နှင့် ပြည်သူ့ ကောင်စီဝင် ရွေးချယ်ရေး အဖွဲ့
အကြောင်းအရာ
အုန်းကျွန်း ဒေသခွဲသည် ယောနသံ ဒေသသို့ နောက်ဆုံးပူးပေါင်းပါဝင်လာခဲ့သော ဒေသ ဖြစ်ပြီး နယ်မြေအကျယ်အဝန်း နှင့် လူဦးရေ အရ အခြား ဒေသခွဲများ နှင့် မတူသော အခြေအနေတွင် တည်ရှိသည်။
အုန်းကျွန်း ၏ စီးပွားရေးအခြေအနေမှာလည်း မိခင် ယောနသံ ဒေသ နှင့် မတူပဲ ကွဲပြားသော အခြေအနေတွင် တည်ရှိကာ စီးပွားရေ အရ လူမျိုးပေါင်းစုံရောနှောနေထိုင်သည့် အခြေအနေတွင် တည်ရှိသည်။
ထို့ကြောင့် အုန်းကျွန်း၏ စီမံအုပ်ချုပ်ရေး အပိုင်း ကို သီးသန့်ခွဲကာ တာဝန်ယူရန် အတွက် ယခင် အုပ်ချုပ်ရေး ပုံစံ စနစ်အစား ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော အရာရှိချုပ်နှင့် ဒေသခွဲ အစိုးရ က စီမံအုပ်ချုပ်သော စနစ်ကို ကျင့်သုံးမည် ဖြစ်ပြီး ကျွန်း၏ လုံခြုံရေး အတွက် ကျွန်းစောင့်ရဲတပ်ဖွဲ့က တာဝန်ယူမည် ဖြစ်သည်။
ကျွန်းကာကွယ်ရေး အတွက် အမျိုးသားကာကွယ်ရေး တပ်မတော်မှ တာဝန်ယူမည် ဖြစ်ကာ ဒေသခွဲ အုပ်ချုပ်ရေး ကိစ္စရပ်များ အတွက် ကျွန်းအစိုးရ က ဆက်လက်စီမံသွားမည် ဖြစ်သည်။
အုန်းကျွန်းဒေသခွဲ မှ ပြည်သူ့အတိုင်ပင်ခံကောင်စီအတွက် ကိုယ်စားလှယ်စေလွှတ်ခြင်းကိုမူ ယောနသံဒေသ ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ယူမည် ဖြစ်သည်။
ပြည်သူ့အတိုင်ပင်ခံကောင်စီ ၏ အတည်ပြုချက်ဖြင့် ကျွန်ုပ်ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည် -
မိုးနတ်
ယောနသံ ဒေသ အကြီးအကဲ
No comments: