အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံဒေသ အနောက်ပိုင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများသို့ ဒေသအကြီးအကဲ သွားရောက် ကြည့်ရှု့စစ်ဆေး


ယောနသံဒေသ အနောက်ပိုင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများသို့ ဒေသအကြီးအကဲ ပထမ မိုးနတ်မင်းသားက သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ပထမ ဦးစွာ အိမ်ဦးဒေသခွဲသို့ ရောက်ရှိကာ အဆိုပါ ဒေရှိ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၏ စိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့သည်။

ထို့သို့စစ်ဆေးပြီးနောက် အိမ်ဦး စိုက်ပျိုးရေးပြတိုက်တွင်မိန့်ခွန်းပြောကြားရာ ဒေသအကြီးအကဲက မိမိတို့အစိုးရအနေဖြင့် စက်မှုလယ်ယာကဏ္ဍသို့ကူးပြောင်းရာတွင် လုပ်ငန်းစဥ်အားလုံးမှာချော့မွေ့နေကြောင်း၊ သီးနှံအထွက်တိုးရေး ကြိုးစားပေးရန် လိုပြီး လိုအပ်ချက်များကို တင်ပြပါက အလျဥ်းသင့်သည့်အတိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ ဒေသ စားနပ်ရိက္ခာဖူလုံရေး အတွက်ဘက်ပေါင်းစုံမှ ကြိုးပမ်းပေးမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တံခွန် ဒေသခွဲသို့ သွားရောက်ခဲ့ပြီး စိုက်ခင်းများကို စစ်ဆေးကာ စိုက်ပျိုးရေးလုပ်ငန်းရှင်းများနှင့် နွေးထွေးစွာ တွေ့ဆုံခဲ့ကြောင်း သိရသည်။

စာမူမှတ်တမ်း