အနာဂတ်ခေါင်းဆောင်များ မွေးထုတ်ပေးရန် အတွက် ရည်ရွယ်သော National Political Institutes of Education (NPIE) ကျောင်း ကို စတင်ဖွင့်လှစ်
NPIE ကျောင်းတွင် နိုင်ငံရေးသိပ္ပံ၊ ပြည်သူ့အုပ်ချုပ်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေးနှင့်ပတ်သက်သော ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ပြီး နိုင်ငံရေးခေါင်းဆောင်များ၊ မူဝါဒပညာရှင်များနှင့် ပြည်သူ့ဝန်ထမ်းများအား မွေးထုတ်ပေးမည် ဖြစ်သည်။
NPIE ကျောင်းတွင် အဓိကသင်ကြားမည့်ဘာသာရပ်များမှာ
- နိုင်ငံရေးသိပ္ပံ
- ပြည်သူ့အုပ်ချုပ်ရေး
- နိုင်ငံတကာဆက်ဆံရေး
- စီးပွားရေး
- မူဝါဒဆန်းစစ်ရေး
- ပြည်သူ့ဆက်ဆံရေး တို့ ဖြစ်သည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ အနေဖြင့် ဝင်ခွင့်လျှောက်လွှာတင်ကာ ရွေးချယ်ခံရပါက ကျောင်းတက်နေစဥ် ကာလ အတွင်း ဒေသအစိုးရမှ လစဥ်ထောက်ပံ့ကြေး ပေးမည် ဖြစ်သည်။