အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ဗမာ့ယောနသံ တပ်ဦးအဖွဲ့ချုပ် ကို စတင်ဖွဲ့စည်းခြင်း


ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်တွင် ဗမာတိုင်းရင်းသား နယ်မြေများ ပဲ့ထွက်ဆုံးရှုံးများ ရှိနေခြင်း၊ စည်းလုံးမှုပြိုကွဲခြင်းများကို ပြန်လည် စုစည်း၊ ထိန်းသိမ်းရန် အတွက် ဗမာအမျိုးသား အဖွဲ့ချုပ်ကြီး ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါသည်။

ထို့နောက် ​နိုင်ငံအနှံ့တွင် စည်းရုံးရေးလုပ်ငန်းစဥ်များကို အဖွဲ့ချုပ်ကြီးက ဦးဆောင်ဆောင်ရွက်နေရာ အဖွဲ့ချုပ်ကြီး ၏ မူဝါဒနှင့် သဘောထားကို ထောက်ခံသော ယောနသံ ဒေသတွင်လည်း ဗမာ့ စည်းလုံးရေး ညီလာခံကြီး တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ယောနသံဒေသတွင် ဗမာတိုင်းရင်းသား ၈၀ ရာခိုင်နှုန်းကျော် နေထိုင်ကာ မူလကပင် ဗမာတိုင်းရင်းသား နယ်မြေတစ်ခု ဖြစ်ကြောင်း ကြေငြာထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် ဗမာနယ်မြေကို ဗမာပိုင်ရမည် ဆိုသော ဗမာအမျိုးသား အဖွဲ့ချုပ်ကြီး ၏ မူဝါဒကို အားသွန်ခွန်စိုက် ဆောင်ရွက်ရန် လက်ရုံး အသင်းအဖွဲ့များ လိုအပ်ကြောင်း မူလ ရှေးဦးမဆွကပင် ယောနသံဒေသ အစိုးရ အနေဖြင့် ယုံကြည်ထားခဲ့ပါသည်။

ထို့ကြောင့် ညီလာခံတွင် ယောနသံဒေသ အစိုးရ ကိုယ်စားလှယ်များက ယောနသံဒေသ ၏ လိုလားချက်ကို တင်ပြခဲ့ရာ ဗမာ့ယောနသံ တပ်ဦးအဖွဲ့ချုပ် ကို ဖွဲ့စည်းရန် သဘောတူညီမှုရခဲ့ပါသည်။

ဗမာ့ယောနသံ တပ်ဦးအဖွဲ့ချုပ်သည် မြန်မာနိုင်ငံတော် တောင်ပိုင်း တွင် စည်းရုံးရေး လုပ်ငန်းများကို ဗမာအမျိုးသား အဖွဲ့ချုပ်၏ ဦးဆောင်မှုအောက်မှ ဆောင်ရွက်သွားမည် ဖြစ်ပြီး ရုံးချုပ်ကို ယောနသံမြို့တွင် ထားရှိမည် ဖြစ်ပါသည်။

တပ်ဦး ဖြစ်သည့် အားလျော်စွာ ဗမာတိုင်းရင်းသား လက်နက်ကိုင်များ အကြား ညီညွတ်ရေး ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ပြီး ယောနသံဒေသ သည် နယ်မြေအတွင်း ဗမာ့ ညီညွတ်ရေး ပြယုဂ်တစ်ခု ဖြစ်လာ စေရန် ကြိုးပမ်းသွားမည် ဖြစ်ပါသည်။ 

စာမူမှတ်တမ်း