ယောနသံ ဘောလုံးအသင်း (သို့မဟုတ်) ခြုံကြားမှ ဘုံဖျားသို့
ယောနသံ သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း ဘောလုံးပရိတ်သတ်များစွာ ရှိသော ဒေသ တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဒေသကို စတင် တည်ထောင်စဥ်ကပင် အမျိုးသားအားကစားအဖြစ် ဘောလုံးကို သတ်မှတ်ရန် စီစဥ်ခဲ့ကြသည်။
ထို့နောက် ယောနသံဘောလုံးအသင်းကို ပုဂ္ဂလိကပိုင်အဖြစ် စတင် တည်ထောင်ကာ ဒေသတွင်း ပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အောင်မြင်မှုထင်သလောက်မရခဲ့ပေ။ ထို့နောက် ယောနသံ ဘောလုံး အားကစား အဖွဲ့ချုပ် ကို ဖွဲ့စည်းကာ အသင်းကို အဖွဲ့ချုပ် လက်အောက်တွင် ထားပြီး ပြန်လည်လည်ပတ်ခဲ့ကြသည်။
ယောနသံဒေသ အကြီးအကဲ ပထမ မိုးနတ်မင်းသား က ယောနသံဒေသ ဘောလုံး အားကစား အဖွဲ့ချုပ် သို့ ရောက်ရှိစဥ် ယောနသံဘောလုံးအသင်းကို ဒေသ ကိုယ်စားပြုအစား အဖွဲ့ချုပ်မှ ထိန်းချုပ်သော ပုဂ္ဂလိက ကလပ်အသင်းအနေဖြင့် ပြောင်းလဲရန် နှင့် လိုအပ်သည်များကို ဒေသအစိုးရမှ ပံ့ပိုးမည် ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် အဖွဲ့ချုပ်အစည်းအဝေး အတွင်း ဆုံးဖြတ်ချက်အရ အသင်း၏ တည်နေရာကို ပြောင်းလဲကာ စိန်ခေါ်မှုစတင်ရန် ဆုံးဖြတ်ပြီးနောက် နိုင်ငံတကာ ကလပ်အသင်း တစ်ခု အဖြစ် စတင်ခဲ့ကြသည်။
ဒေသအစိုးရ၏ ငွေကြေးပံ့ပိုးမှုနှင့် အတူ ကစားသမားသစ်များ ဝယ်ယူ အားဖြည့်ခြင်း၊ အပြောင်းအလဲ ပြုလုပ်ခြင်းများ ဆောင်ရွက်ပြီးနောက် တက္ကသိုလ်အဆင့် အလွတ်တန်းမှ စတင် ယှဥ်ပြိုင်ခဲ့သည်။
ကြားကာလတွင် ရံပုံငွေ ပြတ်တောက်ခြင်းများ ဖြစ်ခဲ့သော်လည်း ကြိုးစားအားထုတ်မှုများစွာဖြင့် ယခုအခါ ကမ္ဘာ့ထိပ်တန်း ကလပ်အသင်းတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။