စစ်ရေးသတင်း ထုတ်ပြန်ခြင်း
မြန်မာနိုင်ငံတော် ဗဟိုအစိုးရ၏ ညွှန်ကြားချက်အရ မကွေးတိုင်းဒေသကြီးအတွင်း စစ်ရေးလှုပ်ရှားနေသော အမျိုးသားတိုးတက်ရေးအဖွဲ့အမည်ခံ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ကို အမျိုးသားကာကွယ်ရေးတပ်မတော်၏ စစ်ကြောင်းများက ရန်ခွင်း စစ်ဆင်ရေးဖြင့် တိုက်ခိုက်ရှင်းလင်း နေပါသည်။
- အမျိုးသားတိုးတက်ရေးအဖွဲ့အမည်ခံ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့သည် ဒေသခံပြည်သူများကို အကြမ်းဖက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း များ ပြုလုပ်နေသည့် အပြင် အစိုးရ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် နှောက်ယှက်နေခြင်း ဖြစ်သည်။
- ထို့ကြောင့် ဗဟိုအစိုးရ၏ ညွှန်ကြားချက်အရ အောင်လံမြို့ကို အမျိုးသားကာကွယ်ရေး တက်မတော်က ယာယီထိန်းသိမ်းကာ စစ်ဆင်ရေးကို စတင်ခဲ့သည်။
- အမျိုးသားကာကွယ်ရေးတပ်မတော်မှ တပ်ရင်းများက စစ်ဆင်ရေးတွင် ပါဝင်နေပြီး ရန်သူ ခြေကုပ်စခန်းများကို တိုက်ခိုက်ကာ အောင်ပွဲများ ရရှိနေသည်။
- ရန်သူသည် တပ်မဟာ အသွင်ဖြင့် ၄င်းတို့ တပ်ရင်းများကို စုဖွဲ့ထားသောကြောင့် ထိတွေ့မှုပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲ ဖြစ်စဥ်များ
==============
- ဇန်နဝါရီ ၅ ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး၊ အောင်လံမြို့နယ် အတွင်းက အမျိုးသားတိုးတက်ရေး လက်နက်ကိုင် အဖွဲ့၏ စခန်းတစ်ခုကို တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲတွင် အမျိုးသားကာကွယ်ရေးတပ်မတော်မှ တိုက်ခိုက်မှုကြောင့် ရန်သူ့အလောင်း ၃၀ ရရှိပြီး လက်နက်များနှင့် အရေးကြီးစာရွက်စာတမ်း အချို့ကိုသိမ်းဆည်းရမိသည်။
- ဇန်နဝါရီ ၁၀ ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး၊ လက်မှတ်မြို့နယ်က ကွမ်းဘုံကျေးရွာ အနီး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အမျိုးသားတိုးတက်ရေး လက်နက်ကိုင်
အဖွဲ့ တပ်ရင်းမှူး ကို အသေဖမ်းဆီးရမိပြီး ရန်သူ့အလောင်း ၁၅ အလောင်းနှင့် လက်နက်များ သိမ်းဆည်းရမိသည်။
- ဇန်နဝါရီ ၁၅ ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး၊ နတ်ချစ်တောင်မြို့အနီးတွင် အမျိုးသားတိုးတက်ရေး လက်နက်ကိုင်အဖွဲ့ ၏ ရိက္ခာယာဥ်တန်းကို တိုက်ခိုက်ခဲ့ရာ ရန်သူများ ဆုတ်ခွာထွက်ပြေးပြီး အလောင်း ၅ လောင်းနှင့်အတူ မော်တော်ယာဥ် ၇ စီး၊ လက်နက်ခဲယမ်း၊ ရိက္ခာများ သိမ်းဆည်းရမိသည်။
- ဇန်နဝါရီ ၂၀ ရက်တွင် မကွေးတိုင်းဒေသကြီး၊ နတ်ချစ်တောင်မြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားရာ ရန်သူအလောင်း ၈ လောင်းနှင့် လက်နက်များ သိမ်းဆည်းရမိသည်။
- ဇန်နဝါရီ ၂၅ ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး၊
အောင်လံမြို့ကို ရန်သူမှ ထိုးစစ်ဆင်လာရာ အမျိုးသားကာကွယ်ရေး တပ်မတော်မှ ထိုးစစ်ကို ဟန့်တားနိုင်ခဲ့သောကြောင့် ရန်သူ အများအပြား သေဆုံးပြီး ဆုတ်ခွာထွက်ပြေးသွားကြသည်။
ယခု တိုက်ပွဲစဥ်အတွင်း သုံးပန်း ၁၈ ဦးဖမ်းဆီးရမိခဲ့ပြီး အများစုမှာ အတင်းအကြပ် ဖိအားပေး စေခိုင်းခံရသောကြောင့် အကြမ်းဖက်တပ်ဖွဲ့အတွင်း ပါဝင်ရခြင်း ဖြစ်ကြောင်း ထွက်ဆိုသည်။ ၄င်းတို့၏ အတည်ပြုချက်အရ တိုက်ပွဲတွင် အသေဖမ်းဆီးရမိသည့် တပ်ရင်းမှူး အဆင့် ရှိသူမှာ ယခင် ဧရာဟံသာ ဒေသ စစ်အရာရှိဟောင်း ထွန်းမောင် ဆိုသူ ဖြစ်ပြီး အကြမ်းဖက်အဖွဲ့၏ တပ်မဟာ ၁ ကို ဧရာဟံသာ စစ်တပ်မှအရာရှိဟောင်းဟု ဆိုသူ ငွေမြင့် က ဦးစီးနေကြောင်း သိရသည်။
သတိပြုရန်
- ဒေသခံပြည်သူများသည် အမျိုးသားကာကွယ်ရေးတပ်မတော်၏ ညွှန်ကြားချက်များကို လိုက်နာခြင်းအားဖြင့် အန္တရာယ်များမှ ကင်းဝေးစွာ နေထိုင်နိုင်မည်ဖြစ်သည်။