အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံဒေသ အကြီးအကဲ က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကို လက်ခံတွေ့ဆုံ

ယောနသံဒေသအကြီးအကဲ ပထမ မိုးနတ်မင်းသားသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးကို လက်ခံတွေ့ဆုံခဲ့သည်။


တွေ့ဆုံရာတွင် ဒေသအကြီးအကဲမှ ယောနသံဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်အစိုးရ၏ အားပေးထောက်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ယခင်က ကျင့်သုံးခဲ့သော စီးပွားရေးအကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ရှေ့ဆက်လုပ်ဆောင်ရန်လည်း လိုလားကြောင်း ပြောကြားခဲ့သည်။

ယောနသံဒေသသည် မြန်မာနိုင်ငံအတွင်း နှင့် ဒေသတွင်းတွင် နည်းပညာဆိုင်ရာ အတင့်မြင့်ရပ်ဝန်းတစ်ခု ဖြစ်စေရေး ကြိုးပမ်းနေရာတွင် တရုတ်နိုင်ငံ၏ ကူညီမှုသည် အရေးပါကြောင်း လည်း အလေးပေးပြောကြားခဲ့သည်။

တရုတ်သံအမတ်ကြီးကလည်း အမျိုးသားအဆင့်ရှိသော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း အေးချမ်းစွာနေထိုင်နိုင်စေရန် တရုတ်အစိုးရ၏ ကတိကဝတ်များကို ပြန်လည်အတည်ပြုခဲ့သည်။

ထို့အပြင် ယောနသံဒေသတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ နည်းပညာရင်းနှီးမြှုပ်နှံမှုများနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် အားပေးဆောင်ရွက်မည်ဖြစ်ကြောင်း လည်း ပြောကြားခဲ့သည်။

စာမူမှတ်တမ်း