ယောနသံဒေသ အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အမေရိကန် စိုက်ပျိုးရေးလုပ်ငန်းရှင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ ပြီး ဒေသတွင်း လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု့
ယောနသံဒေသ အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးသက်ထွန်း၊ စိုက်ပျိုးရေး ဝန်ကြီး တို့ သည် အမေရိကန်နိုင်ငံမှ စိုက်ပျိုးရေးလုပ်ငန်းရှင်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ယောနသံမြို့၊ အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့
ထိုဆွေးနွေးပွဲတွင် ယောနသံဒေသ၏ စိုက်ပျိုးရေးထွက်ကုန်များကို မြှင့်တင်ရန်၊ အထူးသဖြင့် အခွင့်အလမ်းများရှိသော သီးနှံများနှင့် စိုက်ပျိုးနည်းစနစ်များ တိုးတက်စေရန်၊ နည်းပညာပူးပေါင်း ဆောင်ရွက်မှုများ ရရှိရန်ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဧရိယာတိုးချဲ့စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေး ထူတ်ကုန်များအတွက် နိုင်ငံတကာစျေးကွက် ရှာဖွေခြင်းကိုလည်း ဆွေးနွေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ရတနာအောင်မြေ ဒေသ၊ အိမ်ဦးဒေသ နှင့် တံခွန်ဒေသတို့မှ ဒေသတွင်းစိုက်ပျိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ခရီးစဥ် အတွင်း စိုက်ပျိုးရေးနည်းပညာများ၊ သီးနှံထုတ်လုပ်မှုများနှင့် စိုက်ပျိုးရေးစီမံကိန်းများကို ကြည့်ရှု့ခဲ့သည်။