အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

အမျိုးသားတိုးတက်ရေးအမည်ခံ အကြမ်းဖက်အဖွဲ့၏ ဋ္ဌာနချုပ်ကို အပြီးသတ် သိမ်းပိုက်ရရှိ


ယောနသံဒေသ အမျိုးသားကာကွယ်ရေးတပ်မတော်သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် အမျိုးသားတိုးတက်ရေးအမည်ခံ အကြမ်းဖက်အဖွဲ့၏ ဋ္ဌာနချုပ်ကို အလစ်အငိုက်ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ကာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကြေငြာအပ်ပါသည်။

ဋ္ဌာနချုပ် ကို ထိုးစစ်ဆင်တိုက်ခိုက်ရန် အတွက် ထိုးစစ်တွင်ပါဝင်မည့် တပ်ရင်းများ အားလုံး မှ သတင်းအချက်အလက်များကို ထိန်းချုပ်နိုင်ခဲ့သည်။ ထို့အပြင် ရန်သူ၏ သတင်းကိုလည်း အတိအကျရရှိပြီးနောက် ထိုးစစ်စတင်ခဲ့ခြင်းဖြစ်သည်။

ရန်သူ ဌာနချုပ်၏ ရှေ့မျက်နှာစာကို နံနက်ပိုင်း ၅:၃၀ နာရီတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ကာ စတင်တိုက်ခိုက်ခဲ့သည်။ နာရီဝက်နီးပါးမျှ ထိုးစစ်ကို ရန်သူက ခုခံနိုင်ခဲ့သော်လည်း ရှေ့ကာကင်းများအားလုံးကို ရန်သူက လက်လွတ်ဆုံးရှုံးခဲ့ရကာ ဌာနချုပ်အတွင်း မိမိတို့ တပ်ဖွဲ့ဝင်များ စတင်ဝင်ရောက်သည်။

ဋ္ဌာနချုပ်၏ အရေးကြီးသော တည်နေရာများကိုလည်း အမြောက်တပ်ဖွဲ့က ပစ်ကူပေးခဲ့ပြီး ဒရုန်းများဖြင့်လည်း ဗုံးများ ကြဲချတိုက်ခိုက်ခဲ့သည်။

ကာကင်းကို ရှေ့မှ ထိုးဖောက်နေစဥ် ဌာနချုပ်၏ ဝဲနံစောင်းမှ လည်း မိမိတို့တပ်ဖွဲ့ဝင်များက ထိုးနှက်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကာ တပြိုက်နက်တည်း ရန်သူ့ဌာနချုပ်အတွင်း ဝင်ရောက်စီးနင်းနိုင်ခဲ့သည်။

မျှော်လင့်မထားသော စစ်ရေးအခြေအနေကို တွေ့ကြုံခဲ့ရသော ရန်သူသည် ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားကြပြီး လက်နက်ချသူများ အပါအဝင် သုံ့ပန်း နှစ်ရာ နီးပါး ဖမ်းဆီးရမိသည်။

တိုက်ပွဲအတွင်း ရန်သူ၏ စစ်ဦးစီးချုပ်ဆိုသူမှာ ဒဏ်ရာပြင်းထန်စွာရသွားကြောင်း လူသက်သေ၊ မျက်မြင်သက်သေများအရ သိရပြီး ဆုတ်ခွာထွက်ပြေးသူများကို ရှင်းလင်းလျှက် ရှိသည်။

ယခုတိုက်ပွဲအပြီး လက်နက်များနှင့် အရေးကြီးစာရွက်စာတမ်းများကို သိမ်းဆည်းရမိရာ ဗဟိုအစိုးရထံ ဆက်လက်အပ်နှံသွားမည် ဖြစ်သည်။ 

စာမူမှတ်တမ်း