အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ဒေသအကြီးအကဲ ၏ မိန့်ခွန်း

ချစ်ခင်ရပါသော ယောနသံဒေသနေ ပြည်သူ အပေါင်းတို့ခင်ဗျာ။

ဒေသအကြီးအကဲတစ်ယောက်အနေနဲ့ အားလုံးကို တစ်ယောက်ချင်းစီ နှုတ်မဆက်နိုင်တာကြောင့် ဒီကနေပဲ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

မကြာသေးခင်ကာလမှာ ကျွန်တော်တို့ဟာ အဖြစ်အပျက်တွေအများကြီးကို ကြုံခဲ့ကြရပါတယ်။ ဒါပေမယ့်လည်း ယောနသံဒေသက စည်လုံးမှုဟာ ကျောက်စိုင်များလို မာကြောတာကြောင့် ဘေးအားလုံးဟာလည်း လွင်စင်သွားကြမှာပါ။

ကျွန်တော်ဟာ ဒေသ လုံခြုံရေးအတွက် အမျိုးသားကာကွယ်ရေး တပ်မတော်က အမြဲအသင့်ရှိနေသလို အုပ်ချုပ်မှုအဆင့်ဆင့်ဟာလည်း တိုးတက်ရေး အတွက် မရပ်မနားကြိုးပမ်းနေကြပါတယ်။ ဒေသ ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို ဒေသအစိုးရ က ပစ်မှတ်ထားဆောင်ရွက်နေပြီး တချိန်တည်းမှာ အလုပ်လက်မဲ့လျှော့ပါးရေးကိုလည်း ဆောင်ရွက်နေပါတယ်။

ယောနသံဒေသ ဖွံ့ဖြိုးတိုးတက်ဖို့က ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ဖြစ်ပါတယ်။  ဒီကာလမှာယောနသံဒေသရဲ့ စီးပွားရေး တိုးတက်လာတာကို မြင်ကြရမှာပါ။ ဒါပေမယ် အခြေခံအဆောက်အအုံ​တွေ၊ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းတွေ တိုးတက်စေဖို့လည်း အရေးတကြီး လိုအပ်နေပါသေးတယ်။

ဒါကြောင့်အစိုးရဟာ အခြေခံအဆောက်အအုံတွေ တိုးချဲ့တာ၊ မြှင့်တင်တာနဲ့ ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်ဖို့နဲ့ ဒါတွေက တဆင့် ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးဖို့ ကြိုးစား သွားမှာဖြစ်ပါတယ်။ ဒီအတွက်လည်း သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက်အရည်အချင်းပြည့်ဝတဲ့ လူသားအရင်းအမြစ်တွေ တည်ဆောက်ဖို့အတွက် ပညာရေးစနစ်ကို အထူးဦးစားပေးနေငလို မွမ်းမံမှုတွေလည်း လုပ်နေပါတယ်။

ကျွန်တော်တို့ဒေသဟာ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုသူတွေအတွက် အဆင်ပြေတဲ့ နေရာတစ်ခုဖြစ်စေဖို့လည်း အမြဲလိုလားပါတယ်။ ဒီနေရာမှာနောက်ထပ်ပြောလိုတာက ပြင်ပ ရင်းနှီးမြုပ်မှုတွေကို လိုလားသလို ဒေသတွင်း ထုတ်လုပ်မှုကို တိုးတက်ဖို့လည်း ကျွန်တော်တို့ ကြိုးစားရမှာပါ။ ဒါမှသာ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

တိုးတက်ဖို့ ဆိုတာကလည်း ငြိမ်းချမ်းမှသာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ယောနသံဒေသငြိမ်းချမ်းရေးနဲ့အတူ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းဖို့ အတွက်လည်း ဒေသအစိုးရအနေနဲ့ ကြိုးစားသွားမှာပါ။

ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတော်အစိုးရလက်အောက်ကနေ နိုင်ငံတကာနဲ့ဆက်ဆံရေးကိုလည်းတိုးမြှင့်ဖို့ ကြိုးစားမှာ ဖြစ်ပြီး ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် လည်း ကြိုးစားနေပါတယ်။

နောက်တစ်ခုက ဒေသအတွင်း လူတန်းစားခွဲခြားမှုပပျောက်ရေး ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ တန်းတူ ညီမျှဖြစ်ပြီး ဒေသက ပေးအပ်လာတဲ့တာဝန်ကို ထမ်းဆောင်နေကြသူတွေချည်းပါပဲ။ ဒါကြောင့် တော်ဝင်မိသားစုတွေဟာလည်း ဒေသသားတွေနဲ့တန်းတူ အခွင့်အရေး ရှိရမှာ ဖြစ်ပါတယ်။

နယ်စပ်ဒေသနဲ့ မြန်မာနိုင်ငံအတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ကာကွယ်ပေးနေတဲ့ အမျိုးသားကာကွယ်ရေးတပ်မတော်သားတွေအတွက်လည်း ဂုဏ်ယူကြောင်း ဒီကနေ ပြောလိုပါတယ်။

ပံ့ပိုးပေးကြလို့ ကျေးဇူးတင်ပါတယ်

စာမူမှတ်တမ်း