အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

သရဖူကျွန်း တွင် NDA၊ တပ်မဟာ (၃) တပ်မဟာမှူး ဗိုလ်မှူးချုပ် နေထက်သူရ နှင့် တပ်မတော်သားအချို့ ဒေသအတွက် အသက်ပေးလှူ


ယောနသံဒေသ၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားမှုအဖြစ် ဧရာဟံသာ တပ်ဖွဲ့ဝင်များက သရဖူကျွန်း၏ အချို့နေရာများကို အလစ်အငိုက် ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့ပါသည်။

ထိုသို့ တိုက်ခိုက်ခြင်းကိုဗိုလ်မှူးချုပ် နေထက်သူရနှင့် ၄င်း၏ ကွပ်ကဲမှုအောက်ရှိ တပ်မဟာ (၃) တပ်ဖွဲ့ဝင်များသည် မိမိ၏ အသက်ကို မငဲ့ကွက်ပဲ ပြန်လည် ခုခံခဲ့ပါသည်။

NDA ၏ အင်အားနည်းပါးချိန်ကို အခွင့်ကောင်း ယူကာ ရန်သူက သာလွန်အင်အား ဖြင့် သရဖူမြို့ နှင့် ကျွန်း၏ အရှေ့မြောက်ဘက်ခြမ်းမှ ကမ်းတက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

သရဖူမြို့ရှိ အမှတ် (၃) ယာယီ အမိန့်ပေးဌာနချုပ် တိုက်ခိုက်ခံရစဥ် ဗိုလ်မှူးချုပ် နေထက်သူရသည် ရန်သူကို အောင်မြင်စွာ တွန်းလှန်နိုင်ကာ အရေးကြီးသော နေရာများကို အကာအကွယ်ပေးပြီး ၎င်း၏တပ်ဖွဲ့များကို ဦးဆောင်ခဲ့ပါသည်။ သို့သော် ဝမ်းနည်းစရာမှာ ပြတ်ပြတ်သားသား တန်ပြန်တိုက်ခိုက်မှုအတွင်း သူသည် မြို့ကို ကာကွယ်စဥ် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပြီး စစ်မြေပြင်တွင် ဒေသအတွက် အသက်ပေးလှူသွားခဲ့ပါသည်။

ဗိုလ်မှူးချုပ် နေထက်သူရ၏ စွန့်လွှတ်အနစ်နာခံမှုသည် အမျိုးသားကာကွယ်ရေး တပ်မတော် (NDA) ၏ တာဝန်၊ သစ္စာစောင့်သိမှုနှင့် ဂုဏ်ကို ဖော်ညွှန်းခြင်း ဖြစ်ပါသည်။ သူ၏ခေါင်းဆောင်မှုအတွင်း ရန်သူသည် သရဖူမြို့မှ အကျအဆုံးများစွာဖြင့် ကျွန်းမြောက်ဘက်ပိုင်းသို့ ဆုတ်ခွာခဲ့ရပါသည်။ 

ယောနသံဒေသအစိုးရသည် ဗိုလ်မှူးချုပ် နေထက်သူရ၏ မိသားစုနှင့် ရဲဘော်များအတွက် အလေးအနက် ဝမ်းနည်းကြောင်း ထပ်လောင်း ပြောကြားလိုပါသည်။ ဈာပနကို ဒေသအဆင့် အမြင့်ဆုံး ကျင်းပမည်ဖြစ်ပါသည်။

ကျွန်းတွင် အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားပြီး ရန်သူကို ပြင်းပြင်းထန်ထန်တွန်းလှန်ချေမှုန်းမည် ဖြစ်ပါသည်။

 

စာမူမှတ်တမ်း