အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယာယီ အထူးဒေသခွဲ ဖွဲ့စည်းခြင်း နှင့် ခန့်အပ်တာဝန်ပေးခြင်း


အုပ်ချုပ်ရေး ကိစ္စများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် နှင့် ကာကွယ်ရေး လုပ်ငန်းများ တိုးမြှင့် နိုင်ရန် အတွက် ယောနသံဒေသမှ ယာယီထိန်းချုပ် ထားသော အထူးဒေသ ၄ မှ နေရာအချို့ နှင့် သရဖူ ကျွန်း ကို စုပေါင်းကာ ယာယီ အထူးဒေသခွဲ ၁ အဖြစ် ဖွဲ့စည်းလိုက်သည်။ 

ယာယီ အထူးဒေသခွဲ ၁ ၏ အုပ်ချုပ်ရေးမှူး အဖြစ် ယောနသံဒေသ အစိုးရ အဖွဲ့ ဒုတိယ ဝန်ကြီးချုပ် ဦးနေလင်းနိုင်ကို ခန့်အပ်တာဝန်ပေးလိုက်ပြီး မျှတသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ဒေသခံ များ ပါဝင်သော ကောင်စီကိုလည်း တပါတည်း ဖွဲ့စည်းရမည် ဖြစ်သည်။

ထို့အပြင် ဒေသခွဲ ၏ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးစသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ဌာနများကို ဖွင့်လှစ်ရမည် ဖြစ်သည်။

လုံခြုံရေးအတွက် အမျိုးသား ကာကွယ်ရေး တပ်မတော် (NDA) မှ လုံခြုံရေး လုပ်ငန်းစဥ် များကို ရပ်ရွာခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ရမည်။

အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် တရားမျှတမှု ရှိစေရန် ယာယီတရားရုံးများ ဖွဲ့စည်းရမည် ဖြစ်သည်။

ဤ အမိန့်ကို ပြည်သူ့အတိုင်ပင်ခံကောင်စီ၏ သဘောတူညီချက်ဖြင့် ကျွန်ုပ်က လက်မှတ်ရေးထိုး အတည်ပြုလိုက်သည်။

ပထမ မိုးနတ်မင်းသား 
ဒေသအကြီးအကဲ 
ယောနသံဒေသ အစိုးရအဖွဲ့

စာမူမှတ်တမ်း