အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

စစ်နယ်မြေကြေညာခြင်းနှင့် စစ်ဒေသမှူးခန့်အပ်ခြင်း

 
ယောနသံဒေသအစိုးရအဖွဲ့သည် အမှတ် ၁ ယာယီထိန်းချုပ်ဒေသခွဲ ၏ ဗျူဟာမြောက်အရေးပါမှုကြောင်း အဆိုပါ ဒေသကို အမှတ် ၃၀၃ နယ်ခြား စစ်ဒေသအဖြစ် သတ်မှတ်လိုက်ပါသည်။ ထိရောက်သော အရပ်ဘက်အုပ်ချုပ်ရေး ဖော်ဆောင်နိုင်ရန် နှင့်တည်ငြိမ်အေးချမ်းရေးအတွက် ဗိုလ်ချုပ် ဝင်းထွန်းကို အမှတ် ၃၀၃ နယ်ခြားစစ်ဒေသ ၏ စစ်ဒေသ မှူးအဖြစ် ခန့်အပ် တာဝန်ပေးအပ်လိုက်သည်။

စစ်ဒေသမှူး ဗိုလ်ချုပ် ဝင်းထွန်းအား နယ်မြေလုံခြုံရေးအတွက် အောက်ပါတာဝန်နှင့် လုပ်ပိုင်ခွင့်များကိုပါ တပါတည်း အပ်နှင်းလိုက်သည်။

၁ - အမှတ် ၃၀၃ နယ်ခြားစစ်ဒေသတွင် တပ်စွဲထားသော အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) တပ်ဖွဲ့အားလုံးကို ကွပ်ကဲသည်။ 
၂ - IDF တပ်ဖွဲ့ မှ တပ်မှူး နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်။
၃ - ခြိမ်းခြောက်မှုများကို တန်ပြန်ရန် မဟာဗျူဟာမြောက် ကာကွယ်ရေးအစီအစဥ်များကို ရေးဆွဲအကောင်အထည်ဖော်ရမည်။

စစ်ဒေသမှူး၏ ဝတ္တရားများ
 
စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများပါ အခွင့်အာဏာဖြင့် နယ်မြေအနှံ့ တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းရမည်။
နယ်နိမိတ်နှင့် အရေးကြီးသော အခြေခံအဆောက်အအုံများ လုံခြုံစေရန်အတွက် စစ်ဆေးရေးဂိတ်များနှင့် ကင်းလှည့်လမ်းကြောင်းများ ထူထောင်ရမည်။
 လုံခြုံရေးနှင့်ပတ်သက်သော ရပ်ရွာလူထု၏စိုးရိမ်မှုများကို ဖြေရှင်းရန် ဒေသဆိုင်ရာ အာဏာပိုင်များ နှင့် ပူးပေါင်းဆောင်ရွက်ရမည်။
အရပ်သားများ၏ ဘေးကင်းရေးကို အာမခံပြီး လိုအပ်ပါက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရမည်။

စစ်ဒေသမှူး၏အရေးပေါ်လုပ်ပိုင်ခွင့်များ

ရန်သူလှုပ်ရှားမှုများနှင့် သဘာဝဘေးအန္တရာယ်များအပါအဝင် အကျပ်အတည်းများအတွက် လျင်မြန်သောတုံ့ပြန်မှုများကို လုပ်ပိုင်ခွင့်ပေးသည်။

ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများအတွက် အရင်းအမြစ်ခွဲဝေမှုကို ကြီးကြပ်နိုင်သည်။

ဗိုလ်ချုပ်ကြီး လင်းထင်
ကာကွယ်ရေး ဝန်ကြီး
ယောနသံဒေသ အစိုးရအဖွဲ့

စာမူမှတ်တမ်း