ယောနသံ ဒေသသည် Democratic Monarchy စနစ်ကို ကျင့်သုံးပြီး လူတန်းစား လွတ်လပ်ရေး ကို ကာကွယ်ပါသည်။

Search This Blog

ယောနသံဒေသ၏စိုက်ပျိုးရေးလုပ်ငန်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်မှု အခြေအနေများကို ဒေသအကြီးအကဲ သွားရောက် စစ်ဆေး

မေ ၂၂ ရက်
ယောနသံဒေသအကြီးအကဲ ပထမ မိုးနတ်မင်းသားသည် ယောနသံဒေသအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်မှုများကို ကွင်းဆင်း ကြည့်ရှု့စစ်ဆေးခဲ့သည်။

မိုးနတ်မင်းသားသည် သဘာဝ ပတ်ဝန်းကျင်နှင့် လွတ်လပ်သော စိုက်ပျိုးရေးလုပ်ငန်းများကို အထောက်အပံ့ပြုလုပ်ရန် မည်မျှအရေးကြီးကြောင်းကို ပိုမိုနားလည်စေရန်၊ ၎င်းတို့၏ လုပ်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်၊ အထောက်အပံ့များနှင့် အကူအညီများပေးရန်အတွက် ကြည့်ရှု့စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပထမဦးစွာ မိုးနတ်မင်းသားသည် ရန်အောင်မြင်၊ ရာဇဌာနီ နှင့် ရတနာအောင်မြေ ဒေသခွဲတို့ရှိ စိုက်ပျိုးရေးလုပ်ငန်းများသို့ သွားရောက်ပြီး ကောက်ပဲသီးနှံများ၊ သစ်သီးဝလံများနှင့် အခြားစိုက်ပျိုးကဏ္ဍများ၏ အောင်မြင်မှုများကို ကြည့်ရှု့ခဲ့သည်။

စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုသော နည်းပညာများနှင့် ၎င်းတို့၏ တိုးတက်မှုများကိုလည်း လေ့လာခဲ့သည်။

ထို့နောက် အိမ်ဦးမြို့နယ်ရှိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စင်တာသို့ သွားရောက်ပြီး သဘာဝ သယံဇာတများကို ထိန်းသိမ်းရေးဆောင်ရွက်မှုများ၊ သစ်တောများနှင့် ရေအရင်းအမြစ်များကို ကာကွယ်ရေးလုပ်ငန်းများကို ကြည့်ရှု့ခဲ့သည်။

၎င်းစင်တာတွင် အလုပ်လုပ်နေသည့် ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်မှုများနှင့် ပတ်သက်သော အချက်များကို ဆွေးနွေးခဲ့သည်။

ထို့နောက်မိုးနတ်မင်းသားသည် တံခွန် ဒေသခွဲရှိစိုက်ပျိုးရေးအတွက် ရေဖြန့်ဝေမှုစနစ်များကို ကြည့်ရှု့ပြီး ထိရောက်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်ချက်ကို မေးမြန်း ဖြည့်ဆည်းပေးခဲ့သည်။

ယောနသံဒေသ၏ စိုက်ပျိုးရေးလုပ်ငန်းများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်မှုများကို မြှင့်တင်ရန် အရေးကြီးကြောင်း၊ ဒေသခံ ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းနှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်အတွက် အားစိုက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း တံခွန်ဒေသခွဲ အကြီးအကဲများနှင့် တွေ့ဆုံစဥ် မင်းသားက ပြောကြားခဲ့သည်။

ယောနသံဒေသအတွင်း သဘာဝ ပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေးကဏ္ဍများသည် အဓိက အကျိုးကျေးဇူးများကို ပေးစွမ်းလျက်ရှိပြီး ဒေသတိုးတက်မှုနှင့် ပြည်သူများ၏ အဆင်ပြေစွာ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ထိမ်းသိမ်းပြုပြင် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

ယောနသံဒေသ၏စိုက်ပျိုးရေးလုပ်ငန်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်မှု အခြေအနေများကို ဒေသအကြီးအကဲ သွားရောက် စစ်ဆေး ယောနသံဒေသ၏စိုက်ပျိုးရေးလုပ်ငန်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်မှု အခြေအနေများကို ဒေသအကြီးအကဲ သွားရောက် စစ်ဆေး Reviewed by Yaw Na Than Gov on June 15, 2024 Rating: 5

No comments:

Powered by Blogger.