အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံ ဒေသ အကြီးအကဲနှင့် ဝန်ကြီးချုပ်တို့ နေပြည်တော် သို့ သွားရောက်ကာ နိုင်ငံတော်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ

ယောနသံ ဒေသ၏ အကြီးအကဲ ပထမ မိုးနတ်မင်းသားနှင့် ဒေသ ဝန်ကြီးချုပ် ဦးသက်ထွန်းတို့သည် နေပြည်တော်သို့ သွားရောက်ကာ နိုင်ငံတော် သမ္မတ၊ အစိုးရအရာရှိကြီးများ၊ လွှတ်တော်အဆင့်ဆင့် တာဝန်ရှိသူများနှင့် တွေဆုံခဲ့သည်။

ခရီးစဥ် ပထမနေ့ နံနက်ပိုင်းတွင် ပထမ မိုးနတ်မင်းသားနှင့် ဦးသက်ထွန်းတို့သည် သမ္မတအိမ်တော်သို့ သွားရောက်ကာ နိုင်ငံတော်သမ္မတ ထံ ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် ယောနသံ ဒေသနှင့် နိုင်ငံတော်အနှံ့အပြား အရေးကြီးသော ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ခဲ့ပြီး ယောနသံ ဒေသ၏ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့သည်။

နေ့လည်ပိုင်းတွင် အမျိုးသားလွှတ်တော်သို့ သွားရောက်ခဲ့ကြကာ လွှတ်တော် အမတ်များနှင့် တွေ့ဆုံပြီး ယောနသံ ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လုံခြုံရေးအခြေအနေများကို ဆွေးနွေးခဲ့သည်။

ယင်းနောက် ညပိုင်းတွင် နိုင်ငံတော် သမ္မတက တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

နောက်နေ့တွင် ဒေသအကြီးအကဲနှင့် ဝန်ကြီးချုပ်တို့သည် နေပြည်တော်ရှိ ဝန်ကြီးဌာနများနှင့် တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် အစိုးရအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ယောနသံ ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးကဏ္ဍများတွင် ကူညီထောက်ပံ့ရန် စီမံချက်များအား တင်ပြခဲ့သည်။

ထို့နောက် နေပြည်တော်မှ ပြန်လည်ထွက်ခွာကာ ယောနသံဒေသ သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

စာမူမှတ်တမ်း