အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

သူရဦးတင်ဦး ကွယ်လွန်ခြင်း အတွက် ယောနသံအစိုးရ၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ နာယကကြီး သူရဦးတင်ဦးသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်ကြောင်း ကြားသိရသည့် အတွက် မိသားစုနှင့် ထပ်တူ များစွာ ဝမ်းနည်းရပါသည်။

သူရဦးတင်ဦးသည် မြန်မာ့နိုင်ငံရေး အတွက် ထူးချွန်သော ခေါင်းဆောင်တစ်ဦးဖြစ်သကဲ့သို့ မြန်မာ့တပ်မတော်တွက်လည်း ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။

ထို့အပြင် သူရဦးတင်ဦးသည် ယောနသံဒေသ၏ တည်ငြိမ်တည်တံ့မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့အကျိုးတည်ဖြစ်မှုအတွက် အလေးအနက်ထားသော ကျင့်ဝတ်များကို တည်ထောင်ရာ၌ အထောက်အကူဖြစ်ခဲ့ပါသည်။

ကျွန်ုပ်တို့၏ အမျိုးသားကာကွယ်ရေး တပ်မတော်သည်လည်း သူရဦးတင်ဦး၏ တပ်မတော်သားဘဝကို စံနမူနာအဖြစ် ထားရှိပါသည်။

ကျွန်ုပ်တို့သည် သူ၏ ကြိုးပမ်းမှုများ ဖြစ်မြောက်ရေး အကောင်အထည်ဖော် အားထုတ်မည်ဖြစ်ပြီး ရည်မှန်းချက်များကို ပြည်သူနှင့်အတူတကွ ဆောင်ရွက်မည်ဖြစ်ပါသည်။

လေးစားစွာဖြင့်
ယောနသံဒေသ အစိုးရအဖွဲ့ 

စာမူမှတ်တမ်း