- **အပိုဒ် ၁**: ဤဥပဒေသည် ယောနသံဒေသအကြီးအကဲ၏ အခန်းကဏ္ဍများနှင့် လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်းဖြစ်သည်။
- **အပိုဒ် ၂**: "ဒေသအကြီးအကဲ" ဟူသည် မိုးနတ်မင်းသားဖြစ်သည်။
- **အပိုဒ် ၃**: "ဒေသအစိုးရ" ဟူသည် ယောနသံဒေသအတွင်း အုပ်ချုပ်ရေးအဖွဲ့အစည်းများကို ဆိုလိုသည်။
**အခန်း ၂: ဒေသအကြီးအကဲ၏ အရည်အချင်း**
- **အပိုဒ် ၄**: ဒေသအကြီးအကဲအဖြစ် ခန့်အပ်ခံရသူသည် ယောနသံဒေသသားဖြစ်ရမည်။
- **အပိုဒ် ၅**: ယောနသံဒေသအတွင်း အစဥ်တစိုက်နေထိုင်သူဖြစ်ရမည်။
- **အပိုဒ် ၆**: စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေးအတွေ့အကြုံများရှိရမည်။
**အခန်း ၃: ဒေသအကြီးအကဲ၏ တာဝန်များ**
- **အပိုဒ် ၇**: ဒေသအတွင်း လုံခြုံရေးနှင့် အစိုးရအဖွဲ့အစည်းများကို ဦးစီးစီမံခန့်ခွဲရမည်။
- **အပိုဒ် ၈**: ဒေသတွင်း စီးပွားရေး၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများကို အထူးစောင့်ရှောက်ရမည်။
- **အပိုဒ် ၉**: ပြည်သူ့အကျိုးစီးပွားကို ထိန်းသိမ်းပြီး နိုင်ငံရေးရေးရာများကို ဦးစီးဆောင်ရွက်ရမည်။
**အခန်း ၄: လုပ်ပိုင်ခွင့်များ**
- **အပိုဒ် ၁၀**: ဒေသအကြီးအကဲသည် လိုအပ်ပါက လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာ မဟာဗျူဟာများကို ချမှတ်နိုင်သည်။
- **အပိုဒ် ၁၁**: ဒေသအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့် လူမှုရေးလုပ်ငန်းများကို အတည်ပြု နိုင်သည်။
- **အပိုဒ် ၁၂**: ချမှတ်ထားသည့် ဥပဒေများကို ကျင့်သုံး၍ အစိုးရအဖွဲ့များအား စီမံခန့်ခွဲနိုင်သည်။
**အခန်း ၅: စစ်အာဏာသိမ်းမှု တားဆီးခြင်း**
- **အပိုဒ် ၁၃**: စစ်အာဏာသိမ်းမှု ဖြစ်ပွားပါက အထူးအခြေအနေတစ်ရပ်အဖြစ် လိုအပ်ပါက (အိမ်တော်အားလုံး၏ အစောင့်တပ်များအပါအဝင်) တပ်မတော်ပေါင်းစုံအကြီးအကဲ အဖြစ် တာဝန်ယူနိုင်ခွင့်ရှိသည်။
- **အပိုဒ် ၁၄**: စစ်အာဏာသိမ်းရန် ဆောင်ရွက်သူများအား တစ်ချက်လွှတ်အာဏာဖြင့် ပြစ်ဒဏ်ပေးနိုင်သည်။
- **အပိုဒ် ၁၅**: ပြည်သူ့အခွင့်အရေးများကို လေးစားပြီး အစိုးရအဖွဲ့များ၏ တရားမျှတမှုကို အထူးစောင့်ရှောက်ရမည်။
**အခန်း ၆: ဒေသအကြီးအကဲ၏ ရာထူးနှင့် အခြေအနေများ**
- **အပိုဒ် ၁၆**: ဒေသအကြီးအကဲအဖြစ် မိုးနတ်အိမ်တော်မှ အမွေဆက်ခံသူကိုသာ ခန့်အပ်နိုင်သည်။
- **အပိုဒ် ၁၇**: ဒေသအကြီးအကဲ ရုပ်တရက်ကွယ်လွန်ပါက ဝန်ကြီးချုပ်သည် ယာယီဒေသအကြီးအကဲအဖြစ် ကြားကာလ အုပ်ချုပ် စီမံခန့်ခွဲမည်။
- **အပိုဒ် ၁၈**: ဒေသအကြီးအကဲသည် အောက်ပါအခြေအနေများတွင် ရာထူးမှ ပြောင်းလဲနိုင်သည်။
- (က) ကျန်းမာရေးအခြေအနေ ပြင်းထန်၍ အလုပ်တာဝန်ထမ်းဆောင်နိုင်မှုမရှိခြင်း
- (ခ) ရာထူးမှ အနားယူခြင်း
**အခန်း ၇: အဆုံးသတ်သတ်မှတ်ချက်များ**
- **အပိုဒ် ၁၉**: ဤဥပဒေကို လိုအပ်ပါက ပြင်ဆင်နိုင်သည်။
- **အပိုဒ် ၂၀**: ဤဥပဒေကို ယောနသံဒေသအတွင်းရှိ အုပ်ချုပ်ရေးနှင့် စစ်ရေးဆိုင်ရာ အဖွဲ့အစည်းများမှ လိုက်နာဆောင်ရွက်ရမည်။
No comments: