**ဒရုန်းထုတ်လုပ်အောင်မြင်ခြင်း ၏ အကျိုး နှင့် ဒရုန်း၏ လုပ်နိုင်စွမ်း**
1. **ကုန်ကျစရိတ် နည်းပါးခြင်း**
ရွှေဝါ-၁ ဒရုန်းသည် ယောနသံဒေသ၏ နည်းပညာရှင်များနှင့် စက်မှုလုပ်သားများမှ အဆင့်မြင့်နည်းပညာများနှင့် ပြည်တွင်းပစ္စည်းများကို အသုံးပြု၍ ထုတ်လုပ်ထားသောကြောင့် ကုန်ကျစရိတ် နည်းပါး၍ ပြည်တွင်းအတွက် စီးပွားရေးအထောက်အကူ ဖြစ်စေပါသည်။
2. **သေးငယ်ပြီး အလေးချိန်ပေါ့ပါးခြင်း**
ဒရုန်းသည် အလေးချိန်ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူသော အမျိုးအစားဖြစ်သည်။ အလေးချိန် ၃ ကီလိုဂရမ်မှ ၅ ကီလိုဂရမ်အတွင်းရှိပြီး အရွယ်အစား ၉၀ စင်တီမီတာမှ ၁.၂ မီတာအထိ ရှိသည်။
3. **မြန်နှုန်းမြင့်စွာ ပျံသန်းနိုင်ခြင်း**
တစ်နာရီလျင် ၆၀ ကီလိုမီတာနှုန်းဖြင့် ပျံသန်းနိုင်သည်။ နောက်ဆုံးပေါ် မော်တာစနစ် တပ်ဆင်ထားသောကြောင့် မြန်နှုန်းမြင့်စွာ ပျံသန်းနိုင်သည်။
4. **ကြာရှည်သော ဘက်ထရီ သက်တမ်း**
ဒရုန်းသည် ၁.၅ နာရီမှ ၂ နာရီအထိ ပျံသန်းနိုင်သော ကြာရှည်သည့် ဘက်ထရီတပ်ဆင်ထားသောကြောင့်စစ်ဘက်ဆိုင်ရာစွမ်းဆောင်မှုအတွက် ပိုမိုအသုံးပြုနိုင်သည်။
5. **တိကျသော ကင်မရာစနစ်**
ဒရုန်းတွင် ၄.၈ ကေဘီပီကာ ကင်မရာများပါဝင်သည်။ စစ်ဆင်ရေးဆိုင်ရာတွင် တိကျသော သတင်းအချက်အလက်များကို စွမ်းဆောင်နိုင်စေရန်အတွက် လိုအပ်သောကင်မရာစနစ်များကို တပ်ဆင်ထားခြင်း ဖြစ်သည်။
6. **ထိန်းချုပ်မှုစနစ်**
အကွာအဝေး ၅ ကီလိုမီတာအထိ ကြိုးမဲ့ထိန်းချုပ်မှုစနစ်ဖြင့် အကောင်းဆုံး ထိန်းချုပ်နိုင်သည်။
**လက်နက်များနှင့် ထိန်းချုပ်မှု**
ဒရုန်းသည် အောက်ပါ လက်နက်များကို တပ်ဆင်နိုင်သော စွမ်းရည်ပါရှိသည်။
1. **ဗုံးများ**
အလေးချိန် ၅၀၀ ဂရမ် ဗုံးများကို တပ်ဆင်နိုင်သည်။ အနည်းဆုံး ၂ လုံး တပ်ဆင်နိုင်ပြီး ရည်မှန်းရာပစ်ချနိုင်သည်။ ထို့အပြင် အဆင့်မြှင့်တင်နိုင်သော ကိုယ်ထည်နှင့် စနစ်ကြောင့် အလားတူ ဗုံး ၅ လုံးအထိ အသုံးပြုနိုင်သည်။
**လက်နက်ထိန်းချုပ်မှု**
ကြိုးမဲ့ထိန်းချုပ်မှုစနစ်ဖြင့်ဗုံးကို ဖြုတ်ချနိုင်ကာ ထိန်စွမ်းရည်မြင့်မားသော ကြိုးမဲ့ကွန်ရက်စနစ်များကို အသုံးပြုသည်။
**စျေးနှုန်း**
စျေးနှုန်းမှာ $၁,၅၀၀ အမေရိကန်ဒေါ်လာ ဖြစ်ပသည်။ ဤစျေးနှုန်းသည် စစ်ဘက်သာ မက အရပ်ဘက် သဘာဝဘေးအန္တရာယ်တွင် ကယ်တင်ရာ၌ သုံးစွဲနိုင်ရန် ရည်ရွယ်ထားသော စျေးနှုန်းဖြစ်သည်။
**အကျိုးသက်ရောက်မှု**
ယောနသံဒေသ၏ တန်ဖိုးနည်း စစ်ဘက်ဆိုင်ရာသုံး ရွှေဝါ-၁ ဒရုန်းများသည် ပြည်တွင်းလုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာ အထောက်အကူဖြစ်စေပါမည်။ ထိုအပြင် ဈေးကွက်အတွင်း ရောင်းချမှုများမှ ကုန်ဒေသစီးပွားရေး အကျိုးရှိစေမည်ဖြစ်သည်။ ယောနသံဒေသ၏ လုံခြုံရေးစွမ်းရည်များ တိုးတက်စေရန်အတွက် ဤဒရုန်းများသည် အထောက်အကူပေးမည်ဖြစ်သည်။
No comments: