အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံဒေသ အကြီးအကဲနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးတို့ တွေ့ဆုံ

ဒေသ အကြီးအကဲ မိုးနတ်မင်းသား၏ ဖိတ်ကြားမှုဖြင့် ယောနသံဒေသသို့ ရောက်ရှိနေသော  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဟယ်လန် မီလာသည် ယနေ့ နံနက်ပိုင်းက ယောနသံမြို့၊ မင်းသားအိမ်တော်တွင် ဒေသအကြီးအကဲနှင့်တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် ပထမ မိုးနတ်မင်းသား နှင့် သံအမတ်ကြီး ဟယ်လန် မီလာတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ မဟာဗျူဟာများအပေါ် ခိုင်မာသော ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

သံအမတ်ကြီးက အမေရိကန်အစိုးရအနေဖြင့် ယောနသံဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များကို ပံ့ပိုးကူညီရန် အဓိကထားရှိကြောင်း အထူးပြောကြားခဲ့သည်။

ဆွေးနွေးရာတွငမ အမေရိကန်အစိုးရအနေဖြင့် ယောနသံဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ပံ့ပိုးကူညီရန် အတည်ပြုခဲ့ပြီးနည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို တိုးချဲ့ရန် ဆွေးနွေးခဲ့သည်။

ပညာရေးစနစ်များ တိုးတက်စေရန် ပူးပေါင်းဆောင်ရွက်မှုများဆွေးနွေးခဲ့ကြပြီး ကျန်းမာရေးဝန်ဆောင်မှုများ တိုးတက်ရေး မြှင့်တင်ရန် အစီအစဉ်နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့သည်။

ယောနသံဒေသ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို အမေရိကန်အစိုးရမှ ပံ့ပိုးကူညီရေး ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသည် အမေရိကန်နှင့် ယောနသံဒေသတို့၏ ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး၊ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေမည့်အပြင် ယောနသံဒေသ၏ နိုင်ငံတကာဆက်ဆံရေးတွင်လည်း ပိုမိုတိုးတက်လာစေမည်ဖြစ်ကြောင်း သိရသည်။

စာမူမှတ်တမ်း