အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ဒေသအကြီးအကဲ ရာထူးဆက်ခံမည့် တံခွန်မြို့စား ခန့်အပ်ခြင်း


ယောနသံဒေသ၏ ရေရှည်တည်ငြိမ်မှုနှင့် အနာဂတ် တိုးတက်ရေးကို အာမခံနိုင်ရန်အတွက် ယောနသံဒေသအကြီးအကဲ တတိယ မိုးနတ်မင်းသား ၏ သားတော် အောင်စည်မင်းသား အား ဒေသအကြီးအကဲ ရာထူးဆက်ခံမည့် တံခွန်မြို့စား အဖြစ် ချီးမြှင့်ခန့်အပ် လိုက်ကြောင်း ယောနသံဒေသ အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာအပ်ပါသည်။ 

၁။ တံခွန်မြို့စားအဖြစ် တရားဝင်ကြေညာခြင်း အခမ်းအနား

တံခွန်မြို့စားအဖြစ် တရားဝင်ကြေညာခြင်း အခမ်းအနားကို ယောနသံမြို့ရှိ ပြည်သူ့အတိုင်ပင်ခံကောင်စီ ၏ ဗဟိုခန်းမတွင် ကျင်းပခဲ့သည်။ 

အခမ်းအနားတွင် ယောနသံဒေသအကြီးအကဲ တတိယ မိုးနတ်မင်းသား က သားတော် အောင်စည်မင်းသား သို့ တံခွန်မြို့စား တံဆိပ်ပေးအပ်ခဲ့သည်။

၂။ တံခွန်မြို့စားဘွဲ့ အကြောင်း

အောင်စည်မင်းသား အား ချီးမြှင့်လိုက်သည့် 'တံခွန်မြို့စားဘွဲ့' သည် ထူးခြားသော သမိုင်းဝင်အဓိပ္ပာယ်ရှိပါသည်။ ယောနသံဒေသအကြီးအကဲ ရာထူးဆက်ခံမည့် သူတိုင်းအတွက် ပေးအပ်ခဲ့ရာ အောင်စည်မင်းသားသည် တတိယမြောက် တံခွန်မြို့စား ဖြစ်သည်။ တံခွန်မြို့စားဘွဲ့ရမင်းသားတို့သည် အုပ်ချုပ်ရေး၊ စစ်ရေးပညာများကို အခြားမင်းသားများထက် အပတ်တကုတ်ကြိုးစားသင်ယူကြရသည်။

၃။ တံခွန်မြို့စားမင်းသား၏ ပညာရေးနှင့် အနာဂတ် ပြင်ဆင်မှု

မင်းသားသည် လက်ရှိတွင် အထက်တန်းပညာရေးကို သင်ယူနေဆဲဖြစ်သည်။ ထို့ပြင် ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် လိုအပ်သည့် အရည်အချင်းများကို လေ့ကျင့်ပေးမည့် စနစ်တကျပြင်ဆင်ထားသော သင်ရိုးညွှန်းတမ်းများကို လေ့လာသင်ယူနေသည်။

ပညာရေးဆိုင်ရာ သင်ရိုးများ

တံခွန်မြို့စား၏ သင်ရိုးညွှန်းတမ်းထဲတွင် သာမန်ဘာသာရပ်များအပြင် အုပ်ချုပ်ရေး၊ နိုင်ငံရေး သိပ္ပံနှင့် ခေါင်းဆောင်မှု စွမ်းရည်ဆိုင်ရာ ဘာသာရပ်များကိုပါ ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်သည်။

စစ်ရေးလေ့ကျင့်မှု

တရားဝင် ပညာရေး ပြီးဆုံးသည့်အခါ အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) ၏ သင်တန်းများတွင် ပါဝင်ကာ စစ်ပညာများကို စတင်လေ့လာသွားမည် ဖြစ်သည်။

လက်တွေ့တာဝန်ယူမှု

တံခွန်မြို့စားမင်းသားသည် လက်ရှိတွင် ၎င်း၏ ဖခင်ဖြစ်သူ ဒေသအကြီးအကဲ၏ လုပ်ငန်းစဉ်များကို အနီးကပ် လေ့လာသင်ယူနေပြီး၊ နောင်တွင် အများပြည်သူဆိုင်ရာ တာဝန်အချို့ကို ကန့်သတ်ချက်ဖြင့် စတင်ထမ်းဆောင်သွားမည် ဖြစ်ပါသည်။

စာမူမှတ်တမ်း